16 November 2026 9:35 PM

⁨⁩ ⁨KTV ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဝက်သိုး နေအိမ်မှာ ရက်ရက်စက်စက် အသတ်ခံရ

0 0
0 0

ဇီးကုန်း၊ နိုဝင်ဘာ ၁၆၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့က KTV ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း နိုဝင်ဘာ ၁၆ ရက် ဒီကနေ့မနက် ၅ နာရီခွဲခန့်က နေအိမ်မှာ အသတ်ခံရတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ဇီးကုန်းမြို့က သံယောဇဉ် KTV ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်းဟောင်း အသက် ၆၀ နှစ်ဝန်းကျင် ဝက်သိုး(ခ)ကိုဇော်ဝမ်းဟာ အမှတ် (၁) ကွက်သစ်၊ အေးမြရွှေပြည်မြို့သစ် ဆန်စက်ဝင်းရှိ သူ့ရဲ့နေအိမ်မှာ ထိုးသွင်းဒဏ်ရာ အချက် ၂၀ ကျော်နဲ့ အသတ်ခံရတာလို့ ဆိုပါတယ်။

“ဝက်သိုးကို လူအုပ်စုနဲ့ သတ်သွားတာလို့ ကြားတယ်။ သူက မိန်းမပွေတာ လက်လန်တယ်။ လင်ရှိမယား တခုလပ် သူများသမီးပျိုနဲ့ မိန်းမမှန်သမျှပွေတာ မြို့ကလူတွေက သူ့ကို ဝက်သိုးလို့တောင် ခေါ်ကြတာ။ အရင်ကလည်း ဝက်သိုးက ၂ ကြိမ်လောက်လုပ်ကြံခံရသေးတာ ခုမှ ကိစ္စချောသွားတာ။ မိန်းမကိစ္စနဲ့ပဲ သတ်သွားတာလို့ မြို့ခံတွေက ယူဆကြတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဝက်သိုး(ခ)ကိုဇော်ဝမ်းရဲ့ ဇနီးဟာ ပဲခူးတိုင်းဝန်ကြီးချုပ်မျိုးဆွေဝင်းနဲ့ ဆွေမျိုးတော်စပ်တယ်လို့ ပြောဆိုတာမျိုးရှိသလို ဝက်သိုးအိမ်ကိုလည်း မျိုးဆွေဝင်းက သွားလာတာမျိုးရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဝက်သိုး(ခ)ကိုဇော်ဝမ်းရဲ့ ဇနီးဟာ ဝန်ကြီးချုပ်မျိုးဆွေဝင်းနဲ့ ဆွေမျိုးတော်စပ်တာကို သေချာမသိရပေမယ့် အဲဒီအမျိုးသမီးဟာ မျိုးဆွေဝင်းရဲ့ဇာတိ နတ်တလင်းမြို့ပေါ်က ဖြစ်တယ်လို့ နတ်တလင်းမြို့ခံတဦးက ဆိုပါတယ်။

ပြည်သူကို နိုင်ထက်စီးနင်းလုပ်ပြီး စစ်ကောင်စီအလိုကျ အကြိုက်ဆောင်နေတဲ့သူဖြစ်လို့ အရပ်သားပြည်သူက မခံမရပ်နိုင်ဖြစ်ပြီး၊ ခုလိုအချက်ပေါင်းများစွာ ထိုးနှက်သတ်ဖြတ်ခဲ့တဲ့အပေါ်လည်း ကျေးဇူးတင်ကြောင်းနဲ့ အမှုဟာအမှုဖြစ်လို့ ပြည်သူတွေအနေနဲ့ ခုလိုမလုပ်စေချင်ပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သတင်းအခိုင်အမာပေးတာမျိုးသာ လုပ်စေချင်ကြောင်း ဝက်သိုး(ခ)ကိုဇော်ဝမ်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်းရှိကြောင်း ကြို့ပင်ကောက်မြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သေဆုံးမှုနဲ့ပါတ်သက်လို့ သတ်သွားတဲ့သူတွေကို မသိရှိသေးကြောင်းနဲ့ အလောင်းကိုတော့ ဒီမနက် ၁ဝ နာရီ လောက်က ရဲနဲ့ ပရဟိတအဖွဲ့တွေက ဆေးရုံသယ်သွားခဲ့ပြီး လက်ရှိမှာတော့ နေအိမ်ကို အလောင်းပြန်ရောက်နေပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၂ ရက်ညကလည်း ဇီးကုန်းမြို့ ရွှေအရိပ် KTV မှာ ပျော်ပါးစားသောက်နေတဲ့ ပြည်သူ့စစ်တွေကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ်တွေသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းယူသွားခဲ့ပါသေးတယ်။

သတင်း – သော်တာအောင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။