⁩ ⁨အမြန်လမ်းမပေါ်မှာ TikTok ရိုက်နေသူ အမျိုးသမီးတဦး ယာဥ်တိုက်ခံရပြီး ​သေဆုံး

0 1
0 1

ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၆။

ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း ၃၂ မိုင်အနီးမှာ TikTok ရိုက်နေသူ အမျိုးသမီး တဦးယာဥ်တိုက်ခံရပြီး ​သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားသူတွေထံက သိရပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မနက် ၉ နာရီခန့်မှာ အဆိုပါ မိုင်တိုင် ၃၂ အနီးနေ ကျေးရွာက သက်လတ်ပိုင်း အမျိုးသမီးတဦးဟာ အမြန်လမ်းမကြီးပေါ် မှာ တက်ပြီး TikTok ရိုက်နေစဥ် ဒိုင်နာယာဥ်တစီးက ဝင်တိုက်မိခဲ့တာလို့ ဆို​ပါတယ်။

“ကျောင်းသားမိဘ ကလေးကျောင်းပို့ပြီး ပြန်လာပြီးမှ Tiktok ရိုက်နေရင်းဖြစ်တာ။ ကားသမားက ဟွန်းတီးတာလည်း မကြားဘူးလို့ သိရတယ်။ အဲနားရွာကလို့လည်း သိရတယ်။” လို့ ဖြစ်စဥ်ကိုသိရှိထားသူတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုဖြစ်တာကြောင့် အဆိုပါ အမျိုးသမီးက နေရာမှာပင်သေဆုံးသွားပြီး ၃၂ မိုင်အနီး ရဲကင်းက ရဲတပ်ဖွဲဝင်တွေက အလောင်းလာကောက်သွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ကလည်း အဆိုပါ မိုင်တိုင် ၃၂/၀ မိုင်နားမှာပင် လမ်းဖြတ်ကူးသူ လသာကုန်းကျေးရွာနေသူ အမျိုးသမီးကို ဝင်းမှန်လုံယာဥ်က တိုက်မိလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။