ရေဘေးကြောင့် ဝက်လက်နယ်က အိမ်ခြေ ၃၀၀၀ ဝန်းကျင်နဲ့စိုက်ပျိုးပြီးလယ်ဧက ၂ သောင်းကျော်ပျက်စီး

0 2
0 2

ဝက်လက်၊ ဩဂုတ် ၁၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းကျေးရွာတွေမှာရေကြီးလို့ အိမ်ခြေ ၃၀၀၀ ဝန်းကျင်နဲ့ စိုက်ပျိုးပြီးလယ်ဧက ၂၀,၀၀၀ ကျော်ပျက်စီးတယ်လို့ သက်ဆိုင်ရာတိုက်နယ်ပကဖတာဝန်ခံတွေဆီက သိရပါတယ်။

ပုံစာ – စိုင်နိုင်တိုက်နယ်ရေကြီးမှုအခြေအနေ။

ဩဂုတ် ၇ ရက်ကစတင်ပြီး မူးမြစ်ရေ မြင့်တက်လာတာကြောင့် စိုင်နိုင်၊ လှတော၊ ရွှေပန်းကုန်းတိုက်နယ်ထဲက ကျေးရွာ ၂၅ ရွာကျော်မှာ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – စိုင်နိုင်တိုက်နယ်ရေကြီးမှုအခြေအနေ။
ပုံစာ – စိုင်နိုင်တိုက်နယ်ရေကြီးမှုအခြေအနေ။

“အိမ်အကုန်လုံးမြုပ်သွားတဲ့အတိုင်းတာရှိတယ်။ အိမ်ခေါင်မိုးထိမြုပ်ကြတာ။ ကျနော့်တိုက်နယ်ထဲမှာဆို ၃ ရွာကအဆိုးဆုံးဖြစ်တာ။ တဲတွေဆို ရေမျောတာတွေလည်းပါတယ်။ တိုက်ခံတွေကျတော့ မျောပါတာမရှိပေမယ့် ပျက်စီးကြတယ်”လို့ စိုင်နိုင်တိုက်နယ်ပကဖ တာဝန်ခံကပြောပါတယ်။

ပုံစာ – စိုင်နိုင်တိုက်နယ်ရေကြီးမှုအခြေအနေ။
ပုံစာ – စိုင်နိုင်တိုက်နယ်ရေကြီးမှုအခြေအနေ။
ပုံစာ – စိုင်နိုင်တိုက်နယ်ရေကြီးမှုအခြေအနေ။

စိုင်နိုင်တိုက်နယ်ထဲက ကျေးရွာ ၄ ရွာမှာ ရေကြီးလို့အိမ်ခြေ ၁,၅၀၀ ဝန်းကျင်ထိပျက်စီးပြီး လယ်ယာမြေဧက ၁၀,၀၀၀ ကျော်ပျက်စီးထားတယ်လို့ ကနဦးသိရပြီး မြေပြင်စာရင်းကောက်ယူပြီးပါက အပျက်အစီးကပိုနိုင်တယ်လို့ ဆိုပါတယ်။

ပုံစာ – စိုင်နိုင်တိုက်နယ်ရေကြီးမှုအခြေအနေ။
ပုံစာ – စိုင်နိုင်တိုက်နယ်ရေကြီးမှုအခြေအနေ။
ပုံစာ – စိုင်နိုင်တိုက်နယ်ရေကြီးမှုအခြေအနေ။

အလားတူ လှတောတိုက်နယ်ထဲက ကျေးရွာတရွာ၊ ရွှေပန်ကုန်းတိုက်နယ်ထဲက ကျေးရွာ ၁၉ ရွာလည်း ရေနစ်မြုပ်ခဲ့ပြီး အိမ်ခြေ ၁,၅၀၀ ကျော်နဲ့ လယ်ဧက ၁၀,၀၀၀ ကျော်ပျက်စီးထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ဘက်ဆို မနေ့ကမှ ရေစကျတယ်။ လယ်ယာမြေပျက်စီးဆုံးရှုံးမှုက တော်တော်လေးများတယ်။ တောထဲမှာနေတဲ့ တဲတွေဆိုတော်တော်များများပျက်စီးတယ်။ အိမ်ခေါင်မိုးမြုပ်တဲ့အထိဆိုတော့ အိမ်တွေက သွပ်မိုး၊ ထရံကာတွေများတော့ လေးငါးရက်ရေမြူပ်တာဆိုတော့ ပျက်စီးကြတယ်”လို့ရွှေပန်းကုန်းတိုက်နယ်တာဝန်ခံက ပြောပါတယ်။

ပုံစာ – ရွှေပန်းကုန်းတိုက်နယ်ရေကြီးမှုအခြေအနေ။

လယ်ယာမြေတွေအပါအဝင် ဌက်ပျောနဲ့ သင်္ဘောပင်အပြင် ရာသီပေါ်သီးနှံစိုက်ခင်းတွေလည်း ပျက်စီးကြပါတယ်။

လက်ရှိမှာ ရေပြန်ကျနေပေမယ့် ရေကြီးမှုအတွင်း ရေဘေးရှောင်ရသူ ပြည်သူ ၁၀,၀၀၀ ကျော်ထဲမှာ အနည်းစုလောက်သာ ကျေးရွာထဲပြန်နေကြရပြီး အများစုက ရေဘေးရှောင်နေရာတွေမှာပင် ဆက်လက်နေထိုင်နေကြရပါတယ်။

ပုံစာ – ရွှေပန်းကုန်းတိုက်နယ်ရေကြီးမှုအခြေအနေ။

ရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာ၊ စိုက်ခင်းမြေတွေမှာ အသစ်ပြန်လည်စိုက်ပျိုးနိုင်ဖို့ အချိန်ကျော်လွန်သွားပြီးဖြစ်သလို မျိုးစေ့လိုအပ်ချက်တွေကြောင့်လည်း ပြန်လည်စိုက်ပျိုးနိုင်ဖို့ မဖြစ်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။

ပုံစာ – ရွှေပန်းကုန်းတိုက်နယ်ရေကြီးမှုအခြေအနေ။
ပုံစာ – ရွှေပန်းကုန်းတိုက်နယ်ရေကြီးမှုအခြေအနေ။

လယ်ယာမြေတွေနစ်မြုပ်ပျက်စီးကြလို့ ငွေကြေးတောင့်တင်းတဲ့ တောင်သူတွေအတွက်က ထိခိုက်ပျက်စီးမှုတွေကြောင့် စားဝတ်နေရေးမခက်ခဲကြပေမယ့် ငွေကြေး မပြည့်စုံတဲ့တောင်သူတွမှာတော့ စားဝတ်နေရေးတွေကြပ်တည်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေနဲ့အိုးအိမ်တွေပြန်လည်ထူထောင်ရေးအတွက် အစားအစာ၊ ဆေးဝါးနဲ့ငွေကြေးအကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။