ခရီးသည်တင်ကား တံတားအောက်ထိုးကျလို့ ၁၀ ဦးဒဏ်ရာရ

0 1
0 1

ဒိုက်ဦး၊ ဩဂုတ် ၁၅၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ Elite ခရီးသည်တင်ကား တံတားအောက်ထိုးကျပြီး ယာဥ်ပေါ်ပါသူ ၁၀ ဦးကျော်ဒဏ်ရာရတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဩဂုတ် ၁၅ ရက်မနက် ၄ နာရီကျော်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ခရီးသည် ၁၅ ဦးလိုက်ပါလာတဲ့ Elite ခရီးသည်တင်ကားဟာ လမ်းအတိုင်းမောင်းနှင်လာရာမှ မိုင်တိုင် ၅၈/၁ နဲ့ ၅၈/၂ကြားရှိ တံတား‌ကို၀င်တိုက်ပြီး အောက်ကိုထိုးကျခဲ့တယ်လို့ ဆိုပါတယ်။

“ယာဥ်မောင်းအိပ်ငိုက်ပြီး တံတားကိုဝင်တိုက်တာ။ ပြီးတော့ တံတားအောက်ကို ကျသွားတာ။ စလစ်ဖြစ်တာမျိုးတောမဟုတ်ဘူး။ တံတားဘောင်ကို ဝင်တိုက်တာ”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုအတွင်း ယာဥ်ပေါ်လိုက်ပါလာသူတွေအနက် အမျိုးသမီး ၅ ဦးအပါအဝင် ခရီးသည် ၁၀ ဦးကျော် မစိုးရိမ်ရ ပွန်းပဲ့ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ အမြန်လမ်းမီးသတ်နဲ့လူမှုကူညီရေးအဖွဲ့တွေက ဒိုက်ဦး ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်ကလည်း ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရပ်ထားတဲ့ ကားကိုခရီးသည်တင်ကားက ဝင်တိုက်လို့ ၃ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။