11 July 2026 1:16 PM

စစ်တပ်ကြဲတဲ့ဗုံး ထိမှန်လို့ အမျိုးသား ၁ ဦးသေဆုံးပြီး ပြတ်ထွက်သွားတဲ့ခန္ခာကိုယ်အပိုင်းအစတွေ လိုက်ကောက်သင်္ဂြိုဟ်ခဲ့ရ

0 0
0 0

ရေတာရှည်၊ ဇူလိုင် ၁၁၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာမှာ ဗုံးကြဲခဲရလို့ ရွာခံအမျိုးသား ၁ ဦး ဦးခေါင်းပြတ်ထွက်ပြီး ခန္ဓာကိုယ်ကြေမွသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဆီက သိရပါတယ်။

ဇူလိုင် ၁၀ ရက်မနက် ၁၁ နာရီကျော်မှာ တောင်ငူလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာက ကျေးရွာထဲကို ဗုံး ၂ လုံးကြဲချခဲ့ချိန် အသက် ၄၅ နှစ်အရွယ် ကိုနိုင်လင်းသေဆုံးပြီး အသက် ၄၀ ကျော်အရွယ် ဇနီးဖြစ်သူနဲ့ နောက်ထပ်အိမ်နီးနားချင်းဖြစ်သူ အသက် ၂၀ ကျော်အရွယ် လူငယ်တို့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဗုံးကြဲချိန် အဲ့နားရှိနေတာ။ ကြဲတဲ့ ၂ လုံးက ရွာလယ်တည့်တည့်ကျတာ။ အိမ်ပေါ်တည့်တည့်ကျတာ။ နားတွေဆို အူထွက်သွားတယ်။ ပေါင် ၂၅၀ ထက်တော့မလျော့ဘူး။ ဗုံးကအိမ်ရှေ့နဲ့အိမ်နောက် ခွကျတာ။ ဦးနှောက်တွေ မျက်လုံးတွေဆို နံရံတွေမှာကပ်နေလို့ ကျွတ်ကျွတ်အိတ်ထဲကောက်ထည့်ပြီး သင်္ဂြိုဟ်ပေးခဲ့ရတယ်”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။

ဒါ့အပြင်နေအိမ် ၃ လုံးပျက်စီးပြီး သေဆုံးသူအလောင်းကိုချက်ချင်းသင်္ဂြိုဟ်လိုက်ရသလို ဒဏ်ရာရသူတွေကိုလည်း နီးစပ်ရာဆေးခန်းကို ပို့ဆောင်ကာဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၆ ရက်ကလည်း ရေတာရှည်မြို့နယ်၊ နဂျပ်အနောက်ရွာကို ဗုံးကြဲခံရလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Latest Post

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။