26 July 2026 5:33 PM

ငလိုက်ဆည်လက်တံမြောင်းထဲ ရေဆင်းကူးတဲ့ ရဲတပ်သား ရေနစ်သေဆုံး

0 21
0 21

ပျဥ်းမနား၊ ဇွန် ၁၂၊ ၂၀၂၆ ။

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ ငလိုက်ဆည်ရေလက်တံမြောင်းအတွင်း ရေဆင်းကူးတဲ့ ရဲတပ်သား ၁ ဦး ရေနစ်သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

သေဆုံးသူဟာ ​ပျဥ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အသက် ၃၀ ကျော်အရွယ် ရဲတပ်သား ဆက်ပိုင်စိုးဆိုသူဖြစ်ပြီး ဇွန် ၁၁ ရက် ယမန်နေ့ ညနေ ၄ နာရီခန့်မှာ အဖော်ဖြစ်သူ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အထက်ပါ ရေမြောင်းအတွင်း ဆင်းကူးရာက ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ဆယ်ယူလို့ရတာက ည ၈ နာရီလောက်မှ ဆယ်လို့ရတယ်။ ရေကူးနေရင်း ပြွန်လုံးထဲကိုဝင်သွားတာ။ ရေတွေစုပ်ထုတ်ပြီးမှ အလောင်းကို ထုတ်ယူနိုင်ခဲ့တာ”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ရဲတပ်သားအလောင်းကို ပျဥ်းမနားမီးသတ်အပါအဝင် အနီးအနားနေ ပြည်သူတွေကပါ ဝိုင်းဝန်းကူညီ ဆယ်ယူပေးခဲ့ရပြီးနောက် ပျဥ်းမနားမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဇေယျာသီရိမြို့နယ်၊ လှေခွင်းတောင်အနီး ပေါင်းလောင်းမြစ်ထဲ ရေဆင်းချိုးတဲ့ ပေါင်းလောင်း လျှပ်စစ်ဓာတ်အားစက်ရုံဝန်ထမ်း အမျိုးသား ၁ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။

သတင်း – ကျော်ကြီး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။