ကနီမှာ စစ်ကော်မရှင်တပ်သား ၂ ဦးပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး

0 10
0 10

■ မင်းမရွာအနီး နေအိမ်တွေကိုလည်း စစ်တပ်ကမီးရှို့

ကနီ၊ မေ ၃‌၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို ဝင်ရောက်နေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ်ပကဖဆီက သိရပါတယ်။

မေ ၂၇ ရက်ညနေမှာ ချောင်းမရွာကနေ မိုးကောင်းရွာကိုထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦးကို ယင်းမာပင် ပကဖက ပစ်ခတ်ဖမ်းဆီးရာက ၁ ဦးသေဆုံးပြီး ၁ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“အဲ့ကောင်တွေ အရက်ဝယ်လာတာ၊ ချောင်းမကနေ အရက်ဝယ်လာတာ၊ ၂ ယောက်လာတာ၊ ၁ ယောက်ပဲ ရလိုက်တာ၊ ၁ ယောက်က ထွက်ပြေးလို့ ပစ်ဖမ်းဖမ်းတာ၊ သွေးထွက်ပြီးတော့ လစ်သွားတယ်၊ ၁ ယောက်ကတော့ ထွက်ပြေးသွားတာမမိလိုက်ဘူး။” လို့ ပကဖတာဝန်ရှိသူက ဆိုပါတယ်။

အင်အား ၂၀၀ ခန့်နဲ့ ချောင်းမရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ဒီကနေ့ မေလ ၂၉ ရက် မနက်ပိုင်းမှာလည်း မင်းမရွာနဲ့ သင့်ဝင်ရွာကြားကနေအိမ်တွေကိုမီးရှို့ခဲ့ပါသေးတယ်။

ကနီမြို့နယ်အတွင်းကို ဧပြီ ၂၃ ရက်ကစလို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ချောင်းမ၊ တရော်ကျင်း၊ ချင်းတောင်၊ မင်းမ၊ သင့်ဝင်၊ အောင်င်္ဂလာ၊ သမင်ခြံ၊ မုဌော စတဲ့ရွာတွေက ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။