လက်ပံတန်းက စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

0 21
0 21

လက်ပံတန်း၊ မေ ၁၂၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံရွာထိပ်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ စစ်ကော်မရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ် ၁ ခုကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မေ ၁၁ ရက်မှာ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

‌မေ ၉ ရက် ည ၇ နာရီခွဲမှာ အင်အား ၂၀ ခန့်ရှိတဲ့အဆိုပါဂိတ်ကို တော်လှန်ရေးတပ်တွေဘက်က ၄၀ မမ ၂ ချက်နဲ့ စတင်ပစ်ခတ်ပြီးနောက် လက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ဂိတ်ကနေလက်နက်ကြီးနဲ့ မကြာခဏဆိုသလို ရိုးမဘက်ကိုပစ်တယ်။ ဘန်ကာက အခိုင်အမာ တည်ဆောက်ထားတော့ ဘန်ကာကိုအရင်ဖြိုတာပါ။ ပြီးမှလက်နက်ငယ်နဲ့ပစ်တာ၊ သူတို့က ဘန်ကာအတွင်းမှာနေကြတာ ဘန်ကာပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရတာလောက်ပဲသိရတယ်”လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူက ‌မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီစစ်‌ဆေးရေးဂိတ်ဟာ ပဲခူးရိုးမနဲ့ထိစပ်‌‌နေတဲ့ကျေးရွာတွေက အရပ်သားပြည်သူတွေ စျေးဝယ်သွားတဲ့အခါမှာ အစစ်အဆေးကြမ်းသလို ဆန်နဲ့ဆီအများအပြား ဝယ်ယူသယ်ဆောင်လာချိန်မှာလည်း သိမ်းယူတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် ဘန်ကာ ပျက်စီးမှုနဲ့ စစ်ကော်မရှင်ဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့သိရပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့ဘက်က ပြန်လည်ပစ်ခတ်မှု ဖြစ်တယ်။ ကိုယ့်ရဲဘော်တွေက မြို့အဝင်ထိသွားရတာမို့ နောက်ဘက်က စစ်ကြောင်းတက်လာတယ်ကြားလို့ ပြန်ဆုတ်လိုက်တာပါ”လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့လယ်မှာလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၅ တပ်ဖွဲ့၀င်တွေထိတွေတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဗျူဟာ ၂၂ ကသတင်းထုတ်ပြန်ထားပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။