ကြို့ပင်ကောက်မှာ အမှိုက်ပုံကမီးကူးစက်လောင်လို့ နေအိမ် ၂ လုံးပျက်စီး

0 0
0 0

ကြို့ပင်ကောက်၊ မေ ၅၊ ၂၀၂၆။

ပဲခူးအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းမှာ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၅ ရက် မနက် ၄ နာရီ ၀န်းကျင်မှာ မီးရှို့ထားတဲ့အမှိုက်ပုံကနေမီးကူးပြီး စစ်ကော်မရှင်တပ်က ချိပ်ပိတ်ထားတဲ့နေအိမ်အပါ သွပ်မိုးပျဉ်ကာ နေအိမ် ၂ လုံးခန့် ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

“မနက်က ၄ နာရီထိုးလောက် မီးလောင်တာပါ။ စ,လောင်တဲ့အိမ်က အကြမ်းဖက်ပုဒ်မနဲ့ ချိပ်ပိတ်ခံထားရတဲ့အိမ်ပါ။ ချိပ်ပိတ်တာတော့၂ နှစ်လောက်ရှိပြီ။ ရှောင်နေရတာပါ။ လူမနေပါဘူး။ အဲ့ကနေနောက် ၁ အိမ်ကူးတာပါ”လို့ ဒေသခံတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတဦးက မြေလတ်အသံကိုပြောပါတယ်။

နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တာကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၁၅၀ ခန့် ဆုံးရှုံးမှုရှိနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မီးလောင်တာတော့သိပါတယ်ဗျ။ ၂ အိမ်လောင်တယ်လို့သိရတယ်။ ချိတ်ပိတ်တဲ့အိမ်ပါတယ်။ ပိတ်ထားတာတော့ ကြာပြီဗျ”လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်တဲ့နေရာကို ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂စီး၊ ရေသယ်ယာဉ် ၂ စီး၊ အရန်မီးသတ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီးတို့အပါ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၄ နာရီ ၄၅ မိနစ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။