နွားထိုးကြီးတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

0 48
0 48

နွားထိုးကြီး၊ မေ ၆၊ ၂၀၂၆။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်သာရွာအနီးမှာတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်ပကဖနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မေလ ၃ ရက်မနက် ၅ နာရီခန့်မှာ နွားထိုးကြီးမြို့ပေါ်ကထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို အောင်သာရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ကာကင်းနဲ့ စစ်ကြောင်းနဲ့ တွေ့တယ်။ ရှေ့ပွိုင့်ထိုးလာတဲ့ကောင်တွေနဲ့ အရင်ထိတွေ့ဖြစ်တာ။ သူတို့ပွိုင့်ထိုးလာတဲ့ကောင်တွေက မှောက်သွားပြီ၊ ကိုယ့်ဘက်ကလည်းပွဲအခြေနေကောင်းနေပြီဆိုတော့ ရှေ့တက်တဲ့အချိန်မှာ သူတို့ဘက်ကနောက်တကြောင်းနဲ့ဝိုက်ခံလိုက်ရတာ”လို့ နွားထိုးကြီးမြို့နယ်ပကဖနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်က ၁၅ ဦးခန့်ထိခိုက်သေဆုံးနိုင်ပြီး စစ်ကြောင်းက အင်အားများတာကြောင့် လက်နက်ခဲယမ်းတွေမသိမ်းဆည်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အသက် ၂၅ နှစ်အောက်တွေဖြစ်တဲ့ နွားထိုးကြီးပကဖ အဖွဲ့ဝင် ၃ ဦး၊ မြင်းခြံခရိုင်တပ်ရင်း ၈ က တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး သေနတ် ၄ လက်လည်းဆုံးရှုံးကာ တိုက်ပွဲအတွင်းကျဆုံးခဲ့ရတဲ့အလောင်းတွေကိုတော့ နေ့ချင်းကောက်ယူပြီး သင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ အောင်သာရွာထဲမှာ မေလ ၆ ရက်မနက်ပိုင်းအထိတပ်စွဲထားတာကြောင့် အောင်သာရွာ၊ ထနောင်းပင်လဲ၊ မကျည်းကန်ရွာတွေက ဒေသခံအချို့တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ထောကိခံတယ်လီဂရမ်တွေမှာတော့ အောင်သာရွာတိုက်ပွဲမှာ PDF ၄ ဦးကျဆုံးကာ သေနတ် ၄ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိထားတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြရေးသားထားပြီး အဆိုပါပုံတွေဟာလည်းမှန်ကန်ကြောင်း နွားထိုးကြီးမြို့နယ်ပကဖနဲ့နီးစပ်သူက အတည်ပြုထားပါတယ်။

မေ ၄ ရက်ကလည်း တောင်သာမြို့နယ်၊ သံဘိုရွာမကျေးရွာမှာ နယ်မြေရှင်းလင်းရေးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၁၁ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။