ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာလို့ ပေါက်ဒေသခံ ၅ ထောင်‌‌ကျော်စစ်ရှောင်နေရ

0 0
0 0

ပေါက်၊ ဧပြီ ၂၀၊ ၂၀၂၆။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို ဆိပ်ဖြူအခြေစိုက် ကပစ ၂၂ က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဧပြီ ၁၉ ရက်မနက် ၉ နာရီခန့်ကစတင်ပြီး ဆိပ်ဖြူ ကပစ ၂၂ က စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အား ၂၀၀ နီးပါးဟာ ပုသိမ်-မုံရွာလမ်းအတိုင်းစစ်ကြောင်းထိုးလာတာကြောင့် အဆိုပါလမ်းတ‌လျှောက်ရှိကျေးရွာတွေက ဒေသခံတွေတိမ်းရှောင်ခဲ့ကြရတာလို့ ဆိုပါတယ်။

“ကျနော်တို့ကြားတာက ရိက္ခာပို့စစ်ကြောင်းလို့ကြားတယ်။ ရေပြာနဲ့ ကုက္ကိုစု ပျူရွာကို ရိက္ခာပို့လာတာ။ ပုသိမ်-မုံရွာလမ်းအတိုင်းလာတာဆိုတော့ လမ်းတလျှောက်ရွာတွေ ရှောင်ရတာ”လို့ စစ်ဘေးရှောင် ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

စစ်ကြောင်းကြောင့် သပြေရေရွာ၊ ပုတီးရွာ၊ ချက်ကန်ရွာ၊ မှန်ထောင်ကွင်းရွာ စစ်ရှောင်စခန်း၊ ပေခုနှပင်ရွာနဲ့ တယ်ပင်ကန်ရွာတွေက လူဦးရေ ၅,၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတာပါ။

အဲ့ဒီစစ်ကြောင်းဟာ ညနေ ၅ နာရီမှာ ချက်ကန်ကျေးရွာကိုဝင်ရောက်ခဲ့ပြီး ဧပြီ ၂၀ ရက်မနက်ပိုင်းထိ အဲ့ဒီရွာမှာပဲ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၆ ရက်ကလည်း ပေါက်မြို့နယ်၊ ဝန်လဲကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ သက်ကြီးပိုင်းပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

စာတည်း – လင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။