ချောင်းဦးမှာ ရွာခံအမျိုးသား ၄ ဦး ဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်တောက်နေ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာက အမျိုးသား ၄ ဦး ဇွန်လ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာခံလိုက်ရပြီး အဆက်အသွယ်ပြတ် တောက်နေတယ်လို့ ချောင်းဦးPDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နတ်ရေကန်ကျေးရွာသား မျိုးသူအောင် ၂၅ နှစ်၊ ဖိုးထူး ၄၀ နှစ်နဲ့ အသက် ၃၀ အရွယ်ရှိ အမည်မသိရသေးတဲ့ နောက်ထပ်အမျိုးသား ၂ ဦးတို့ဖြစ်ကြပြီး အင်အား ၁၀ ဦး ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ကားတစီးနဲ့လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“သူတို့လေးယောက်က နတ်ရေကန်ဇရပ်ပေါ်မှာထိုင်နေကြတာ။ မြို့ပေါ်က စကစတွေက ကားနဲ့ရောက် လာပြီး အကုန်ဆွဲတင်သွားတာ။ ဒီလူတွေက PDFတွေ မဟုတ်ဘူး၊ သာမန်ပြည်သူတွေပါ” လို့ ချောင်းဦး PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး စစ်ကောင်စီတပ်က ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို ဇွန်လ ၁၄ ရက် ဒီမနက်အချိန်ထိ မသိရှိရတာကြောင့် မိသားစုဝင်တွေက အသက်အန္တရာယ်စိုးရိမ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

နတ်ရေကန်ကျေးရွာဟာ မုံရွာ-မန္တလေးကားလမ်းမဘေးမှာ တည်ရှိပြီး အဆိုပါကျေးရွာအတွင်းမှာ စစ်ကောင်စီတပ် အင်အား ၆၀ ခန့်က ဝင်ရောက်တပ်စွဲထားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ ၂၂ရက်မှာလည်း မန္တလေးဘက်ကနေ မုံရွာမြို့ဘက်ကို ဟိုက်ဂျက်ကားစီးနင်းလာတဲ့ အမျိုးသား ၄ ဦး ကို နတ်ရေကန်စစ်ဆေးရေးဂိတ် စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး PDF နဲ့ ပတ် သက်တယ်ဆိုကာ အသတ်ခံလိုက်ရတယ်လို့ ချောင်းဦး PDF ဆီကသိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။