ပေါ်တာဆွဲခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူတဦး ဘက်ပြောင်းခိုလှုံ

0 2
0 2

မန္တလေး၊ ဇန်နဝါရီ ၃၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦး ဇန်နဝါရီ ၃၀ ရက် ဒီနေ့မှာ ဘက်ပြောင်းခိုလှုံလာတယ်လို့ Earthquake People’s Defence Force အဖွဲ့ဆီက သိရပါတယ်။

ဘက်ပြောင်းခိုလှုံလာသူဟာ ဟုမ္မလင်းမြိုနယ် ခမရ ၃၆၉ တပ်ရင်းမှ အသက် ၂၅ နှစ်အရွယ် တပ်သား စည်သူထက် ဖြစ်ပြီး ဒီမနက် ၁၀ နာရီခန့်မှာ ခိုလှုံလာတယ်လို့ ဆိုပါတယ်။

“ပေါ်တာဆွဲခံရပြီးတော့ တပ်ထဲရောက်လာတဲ့သူပါ။ ရခိုင်ဘက်ကို ပို့မှာသိလို့ ထွက်ပြေးလာတယ်။ လက်နက်ခဲယမ်းတော့ မပါပါဘူး။” လို့ Earthquake People’s Defence Force သတင်းတာဝန်ခံက ပြောပါတယ်။

တပ်သားစည်သူထက်ဟာ ၂၀၂၄ မေလအစောပိုင်းမှာ သူရဲ့ဇာတိပခုက္ကူမြို့မှာ ညအချိန်သွားလာနေစဉ် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးနောက် ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉ မှာ စစ်ကောင်စီတပ်သားအဖြစ် ၃ လကျော်နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စက်တင်ဘာလပိုင်းမှ ရမည်းသင်းမြို့နယ်ထဲကို လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ ပို့ဆောင်ခံခဲ့ရတာ ဖြစ်တယ်လို့ အထက်ပါသတင်းတာဝန်ခံက ပြောပါတယ်။

တပ်သား စည်သူထက် ကို ဆုချီးမြှင့်ဖို့နဲ့ လွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးဖို့ မဆုံးဖြတ်ရသေးဘဲ လက်ရှိမှာတော့ စခန်းမှာပဲ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

Earthquake People’s Defence Force တပ်ဖွဲ့ဆီကို ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလကလည်း ရဲတပ်သား ၁ ဦး အူဇီကျည်ဘောက် ၂ ခု၊ ၉ မမကျည်ဆန် ၁၀၀ ကျော်နဲ့အတူ ခိုလှုံလာပြီး ယခုစစ်ကောင်စီတပ်သားနဲ့ဆိုရင် ဘက်ပြောင်းလာတဲ့ ရဲနဲ့စစ်သား ၂ ဦးရှိပြီလို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။