မိတ္ထီလာမှာ အုပ်ချုပ်ရေးမှူးဟောင်းတဦး ပစ်ခတ်ခံရပြီး သေဆုံး

0 1
0 1

မန္တလေး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရှမ်းမငယ်ကျေးရွာ – သံဘိုကျေးရွာသွားကားလမ်းနဲ့ ဝါးရုံစုကျေးရွာသွားလမ်းဆုံမှာ အုပ်ချုပ်ရေးမှူးဟောင်းတဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့နယ်ပကဖထံက သိရပါတယ်။

သေဆုံးသူဟာ ဝါးရုံစုကျေးရွာနေ အုပ်ချုပ်ရေးမှူးဟောင်း အသက် ၇၆ နှစ်အရွယ် ဦးကြည်ညွန့်ဆိုသူ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်မှာ ဝါးရုံစုကျေးရွာကနေ ရှမ်းမငယ်ကျေးရွာကို ဆိုင်ကယ်နဲ့သွားနေချိန် ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“သူက ဒေါက်တိုင်တော့ မှန်တယ်။ အခြား လိုကယ်အဖွဲ့တခုက လုပ်သွားတာလို့တော့ ပြောတယ်။ နတ်မောက်တို့ မကွေးတို့ဘက်က အခြေပြုတဲ့အဖွဲ့တခုက လာလုပ်သွားတာလို့တော့ကြားသိရတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မသိရသေးဘူး။ ဒေါက်တိုင်ကတော့ အမှန်အကန်ပါ။”လို့ မိတ္ထီလာမြို့နယ် ပကဖ တာဝန်ခံကပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးကြည်ညွန့်ဟာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ နေရာမှာပင်သေဆုံးသွားပြီး အလောင်းကိုတော့ သူနေထိုင်ရာကျေးရွာကို ရွာခံတွေက ပြန်လည်သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ဦးကြည်ညွန့်ဟာ NLD လက်ထက်က အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ကာ ယခုကာလမှာလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာပါဝင်နေပြီး စစ်မှုထမ်းအင်အားစုဆောင်းတာ၊ ဒဏ်ရိုက်တာနဲ့ စစ်တပ်ရဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသေးသူဖြစ်တယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းကပြုလုပ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ သတင်းထုတ်ပြန်တာမျိုးတွေလည်း တွေ့ရှိရခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၉ ရက်ကလည်း မိတ္ထီလာမြို့နယ်၊ ဂွေ့အိုင်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာနေ ရာအိမ်မှူး ဦးသိန်းဟန်ဆိုသူ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက နေအိမ်ထိလာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။