ကား၊ ဆိုင်ကယ်တွေကို ငွေတောင်းနေတဲ့စစ်အုပ်စု အလစ်ဝင်ပစ်ခံရလို့ ၂ ဦးခန့် သေဆုံးဟုဆို(ရုပ်/သံ)

0 1
0 1

စစ်ကိုင်း၊ မေ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘိုးဘွာရိပ်သာအဝိုင်းပတ်ရဲ့မြောက်ဘက် တာဝါတိုင်အောက်မှာ ကားနဲ့ ဆိုင်ကယ်တွေကို ငွေတောင်း‌နေတဲ့စစ်သား ၃ ဦးကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း (၂၂) နတ်ဆိုးတပ်ရင်း တပ်ဖွဲ့ဆီက သိရပါတယ်။

မေလ ၁၆ ရက် မနက် ၆ နာရီဝန်းကျင်မှာ စစ်သားတွေရှိတဲ့နေရာကနေ ပေ ၁၅၀ ဝန်းကျင်အကွာက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မုံရွာခရိုင်တပ်ရင်း(၂၂) နတ်ဆိုးတပ်ရင်း တပ်ရင်းမှူး ဗိုလ်နတ်ဆိုးက ပြောပါတယ်။

“၃ ယောက်ရှိတာကို ၂ ယောက်ကမှန်ပြီးတော့ နေရာမှာတင်လဲကျပြီး သေဆုံးသွားတယ်၊ ကျနော်တို့ ပစ်နေချိန်မှာ ၂ ယောက်ကတော့ ပြန်မပစ်နိုင်ဘူး၊ တယောက်ကတော့ ကျနော်တို့ တော်တော်လေးဝေးတဲ့နေရာရောက်မှ သေနတ်နဲ့ပြန်ပစ်တယ်” လို့ တပ်ရင်းမှူး ဗိုလ်နတ်ဆိုးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဲဒီနေရာကို စစ်ကောင်စီတပ်သားတွေက ပိတ်ဆို့ပြီး လိုက်လံစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တည်းဖြတ် – ငြိမ်းဇော်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။