ဆင်ဖြူကျွန်းမှာ ရေကြီးရေလျှံပြီး ကူညီမယ့်သူမရှိလို့ ပြည်သူ အချင်းချင်းပြန်ကူနေရ

0 2
0 2

ဒိန်းဂျား၊ လင်းဇေ

မကွေး၊ မေ ၁၄၊ ၂၀၂၃။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ စလင်းချောင်း ရေလျှံနေတာကြောင့် ဆင်ဖြူကျွန်းမြို့ခံတွေဟာ ရေလွတ်ရာ ကားလမ်းမပေါ်တွေကို ပြောင်းရွေ့နေကြရပါတယ်။

ဆင်ဖြူကျွန်းမြို့ ကွက်သစ်ရပ်ကွက်၊ ရွာသစ် ကလေး၊ ရွာသစ်ကြီး၊ ရန်ဘိုကုန်းရွာ တွေကို ရေဝင်နေတာဖြစ်ပါတယ်။

လက်ရှိမှာ ရေကြီးရေလျှံတာတွေဖြစ်ပေမယ့် ကယ်ဆယ်ရေး ဘာတခုမှ မရှိပါဘူး။ ဒါကြောင့် ပြည်သူက ပြည်သူကို ပြန်ကယ်ဆယ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မေလ ၁၃ ရက်ကတည်းက မိုးဆက်တိုက်ရွာနေတာဖြစ်ပြီး ဒီနေ့ညနေ ၄ နာရီလောက်ကမှ စလင်းချောင်း ရေလျှံလာတာဖြစ်ပါတယ်။ ရေမြှုပ်သွားတဲ့ရပ်ကွက်ကလူတွေကို ပြည်သူအချင်းချင်းက ပြန်ကူညီကာ ရေဘေးလွတ်ရာကို ကယ်ထုတ်နေကြရပါတယ်။ မိုးဆက်လက်ရွာသွန်းနေသလို စလင်းချောင်းရေဟာ ညဘက်မှာ ဆက်လက်မြင့်တက်လာဖို့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။