ကျောက်ဆည်မှာ အုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရ

0 15
0 15

ကျောက်ဆည်၊ ဒီဇင်ဘာ ၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေးရွာမှာ အုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူဟာ မြောင်းဦးကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၀ ကျော်အရွယ်ရှိ ဦးမြင့်ဝေ ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက် မနက် ၅ နာရီဝန်းကျင်က သူပိုင်တဲ့လယ်ထဲမှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

“ဥက္ကဌက သူ့လယ်ထဲမှာရှိနေချိန် လာပစ်သွားတာလို့တော့ သိရတယ်။ လယ်နီးနားချင်းတွေက သေနတ်သံကြားလို့ သွားကြည့်တော့ သူပစ်သတ်ခံထားရတာကို တွေ့ကြရတာ။ အလောင်းကတော့ ဆေးရုံသယ်သွားရတယ်“လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးဦးမြင့်ဝေရဲ့ ဦးခေါင်းမှာ ကျည်ထိဒဏ်ရာ ၂ ချက်ရပြီး နေရာမှာတင်သေဆုံးခဲ့ကာ ပစ်ခတ်ပြီးနောက်စစ်ကော်မရှင်အဖွဲ့တွေလာရောက်စစ်ဆေးပြီး အလောင်းကို ကျောက်ဆည်ဆေးရုံကိုသယ်ဆောင်သွားပြီး ဒီဇင်ဘာ ၁ ရက်ဒီနေ့မှာ နေအိမ်ပြန်သယ်ပြီး နာရေးပြုလုပ်မယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့တွေကပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၈ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာထိပ်မှာ သစ်ထောင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဆိုသူပစ်သတ်ခံရပြီး သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။