ညောင်ဦးမှာ ထွက်ပြေးသွားတဲ့အုပ်ချုပ်ရေးမှူးနေရာအစားဝင်တဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံရ

0 21
0 21

ညောင်ဦး၊ နိုဝင်ဘာ ၂၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာထိပ်မှာ အုပ်ချုပ်ရေးမှူးတဦးပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ပုဂံဘီလူးအဖွဲ့ဆီက သိရပါတယ်။

ပစ်သတ်ခံရသူက သစ်ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၆၅ နှစ်အရွယ် ဦးမောင်သန်း ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက် မနက် ၁၁ နာရီခန့်မှာ လက်ပံခြေပေါ်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့အသွား ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ရွာသစ်ကုန်းတံတားနားလေးမှာ အကုန်လုံးပေါင်း ၆ ချက်ပစ်ခဲ့တာ။ အရင်အုပ်ကြီး ထွက်ပြေးသွားတော့ သူကတောင်ရွာ၊ မြောက်ရွာ နှစ်ရွာလုံးကိုအုပ်ချုပ်ပြီး စစ်မှုထမ်းကြေးကောက်ပြီး စစ်တပ်နဲ့ပေါင်းလုပ်စားနေတာ”လို့ ပုဂံဘီလူးအဖွဲ့တာဝန်ခံက ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ယခင်သစ်တောင့်ရွာအုပ်ချုပ်ရေးမှူးက ရွာကထွက်ပြေးသွားပြီးနောက် ဦးမောင်သန်းက သစ်တောင့် တောင်ရွာရော မြောက်ရွာကိုပါအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာတာလို့ ဆိုပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းရဲ့ ပါးနဲ့ရင်ဘတ်မှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာတင်သေဆုံးခဲ့ကာ ပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့ စစ်ကော်မရှင်အဖွဲ့တွေ လာရောက်စစ်ဆေးပြီး အလောင်းကိုကောက်ယူကာ ညောင်ဦးဆေးရုံကိုယူဆောင်သွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာမှာဘီယာဆိုင်ထိုင်နေတဲ့ အုပ်ကြီး ဦးသိန်းပို ပစ်ခတ်ခံရလို့သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။