စခန်းစီးနင်းမီးရှို့ခံရပြီးနောက် ရေစကြိုတောင်ပိုင်း PDF စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေ

0 1
0 1

ပခုက္ကူ၊ ဧပြီ ၂၉၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ SOUTHERN YSO PDF အဖွဲ့မှာ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်က စခန်းကိုဝင်ရောက်စီးနင်းခံရပြီးနောက် တပ်ဖွဲ့ပိုင် လက်နက်၊ခဲယမ်းတွေအပါအဝင် သိုလှောင်ထားတဲ့ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘက်စုံလိုအပ်ချက်တွေရှိနေပေမယ့် တပ်ဖွဲ့ဝင်တွေ စားသောက်ဖို့ ရိက္ခာခက်ခဲနေတာလို့ SOUTHERN YSO PDF ခေါင်းဆောင် ဗိုလ်အောင်မောင်းက မြေလတ်အသံကို ပြောပါတယ်။

“လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲက စားနပ်ရိက္ခာအတွက် အရေးတကြီး လိုအပ်နေတာပေါ့။ အစားအသောက်အတွက်က အမြဲလည်း ခြိုးခြံချွေတာပါတယ်။ ပြည်သူတွေ အဆင်မပြေဖြစ်နေတာလည်း သိပါတယ်။ အတော်ကိုစားဖို့အတွက်ခက်ခဲနေလို့ပါ။ NUGတို့ MODတို့ဆီကလည်း ဘာထောက်ပံ့တာမှမရပါဘူး” လို့ ပြောပါတယ်။

Southern YSO PDF အနေနဲ့ စခန်းစီးနင်းမခံရမီကာလတွေမှာ အစားအသောက်နဲ့ကျန်းမာရေးအတွက် အဆင်မပြေတဲ့ပြည်သူတွေကို လိုအပ်တာတွေလည်း ကူညီပေးနိုင်ခဲ့ပြီး စားနပ်ရိက္ခာပိုင်းနဲ့ ပတ်သက်ပြီးတော့ တပ်ဖွဲ့တည်ထောင်တဲ့နှစ်နှစ်တာကာလအတွင်းမှာ အပူအပင်မရှိဘဲ နေနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

SOUTHERN YSO PDF တပ်ဖွဲ့အနေနဲ့ လက်နက်၊ခဲယမ်းထုတ်လုပ်ရေးပိုင်းတွေမှာလည်း ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ၊ စိန်ပြောင်းတွေ ထုတ်လုပ်ထားနိုင်ကာ စခန်းဝင်ရောက်စီနင်းမီးရှို့ခံရတာကြောင့် ထုတ်လုပ်ရေးပစ္စည်းတွေလည်း ဆုံးရှုံးခဲ့ရလို့ ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။