မြိုင်နယ်ထဲက နေအိမ် ၃၂ လုံးကို စစ်တပ်က မီးရှို့သွား

0 1
0 1

မြိုင်၊ ဧပြီ ၂၄၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်တွင်း (အနောက်ရွာ)က နေအိမ် ၃၂ လုံးကို စစ်ကောင်စီတပ်က ဧပြီလ ၂၄ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၇၀ နီးပါးရှိတဲ့ စစ်သားနဲ့ပျုစောထီးတပ်ဖွဲ့ဟာ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်တောင်ရွာကနေ ဧပြီလ ၂၃ ရက် မနေ့ညနေ ၄ နာရီလောက်က ထွက်လာပြီး အဲဒီရွာနဲ့ ၉ မိုင်းလောက်ဝေးတဲ့ ညောင်တွင်းရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်ရောက်ကာ တညအိပ်စခန်းချခဲ့ပြီးတဲ့နောက် ဒီမနက်မှ မီးရှို့ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

“မနေ့ကတည်းက ပန်းတိုင်တောင်ရွာကနေ ထွက်လာချိန် သေနတ်တွေ ပစ်ဖောက်လို့ အဲဒီရွာက စစ်ရှောင်တဦး ဆုံးသွားတယ်လို့ကြားတယ်။ ညောင်တွင်းရွာကိုတော့ ဒီနေ့မနက်မှ မီးရှို့သွားတယ်။ ရွာသားတွေတော့ ရွာထဲပြန်မဝင်ကြသေးဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း မရှိပါဘူး” လို့ မြိုင်ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ညောင်တွင်းရွာကို မီးရှို့ပြီးနောက် အဲဒီရွာနဲ့ ၄ မိုင်ခန့်ဝေးတဲ့ သမင်အုပ်ရွာထဲကို မနက် ၈ နာရီလောက်မှာ ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ညောင်တွင်းအနောက်ရွာဟာ အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာလည်း ရွာက နေအိမ် ၅၁ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပုံစာ – ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ညောင်တွင်းအနောက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ (ပုံဟောင်း)

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။