ကျောက်တံခါးမှာ ပျူစောထီးဆိုသူ အမျိုးသား ၂ ဦး နေအိမ်မှာ ပစ်ခတ်ခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာပြင်းထန်

0 2
0 2

ကျောက်တံခါး၊ ဧပြီ ၁၂၊ ၂၀၂၃။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အလှိုင်ကျေးရွာက စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့ဝင်ဆိုသူ အမျိုးသား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်ရသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ အလှိုင်ရွာက ပျူစောထီးဆိုသူ ဦးမျိုးချစ်နဲ့ ဇော်မင်းလတ်တို့ဟာ သူတို့ရဲ့နေအိမ်တွေမှာ ရှိနေချိန် အမည်မသိလက်နက်ကိုင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

“ပစ်ခတ်မှု ဖြစ်တာကတော့ ဟုတ်ပါတယ်။ စစ်တပ်ပြည်သူ့စစ်တွေ အပစ်ခံရတာ။ သူတို့နေအိမ်တွေထဲကို ဝင်ပစ်သွားတာ။ တယောက် သေတယ်။ တယောက် ဒဏ်ရာပြင်းတယ်။ ဒဏ်ရာရတယောက်လည်း သေဖို့များတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးဇော်မင်းလတ်မှာ နေအိမ်မှာပွဲချင်းပြီး သေဆုံးသွားပြီး ဦးမျိုးချစ်မှာ သေနတ်ဒဏ်ရာ ၆ ချက်ရရှိပြီး စိုးရိမ်ရဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီအဖွဲ့တွေက လာရောက်စစ်ဆေးသွားပြီး သေဆုံး၊ဒဏ်ရာရသူတွေကို ကျောက်တံခါးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပျူစောထီးတွေ ပစ်ခတ်ခံရတဲ့ဖြစ်စဉ် မှန်ကန်ပေမယ့် အဲ့ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာမျိုးမရှိဘူးလို့ ကျောက်တံခါးပကဖအဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောဆိုထားပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်း ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအနီး တာလမ်းပေါ်မှာ လယ်ထဲကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ပျူစောထီးခေါင်းဆောင် ကျော်ဦး ၅၀ နှစ်ခန့်ကို ကျောက်တံခါးပကဖက ပစ်ခတ်ရှင်းလင်းလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။