နတ်ရေကန်တောင်ကမ္ဘာလုံးစခန်း အနီးကပ်မြင်ကွင်း (ရုပ်/သံ)

0 31
0 31

မြေလတ်အသံ၊ အောက်တိုဘာ ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်း၊ ရခိုင်ရိုးမပေါ်ရှိ နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းကို အာရက္ခတပ်တော်-AA တပ်ဖွဲ့ဝင်တွေက အနီးကပ်ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။

အဆိုပါရုပ်သံဖိုင်ဟာ အောက်တိုဘာ ၁၀ ရက် ကမ္ဘာလုံးစခန်းကိုတိုက်ခိုက်သိမ်းပိုက်နေချိန်အတွင်း အာရက္ခတပ်တော်-AA တပ်ဖွဲ့ဝင်တချို့က ရိုက်ကူးခဲ့တာဖြစ်တယ်လို့ AAနဲ့နီးစပ်သူအမျိုးသားတဦးက အတည်ပြုပြောပါတယ်။

ရုပ်သံမှာပါဝင်တဲ့နေရာတွေဟာ ကမ္ဘာလုံးစခန်းက စစ်ကော်မရှင်ဒရုန်းတပ်ဖွဲ့ဝင်တွေရဲ့ စခန်းနေရာဖြစ်ပြီး အဲ့ဒီတပ်ဖွဲ့က နတ်ရေကန်တောင်ခြေအောက်ရှိကျေးရွာတွေကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာတွေမီးလောင်ပျက်စီးကြရတယ်လို့ AA နဲ့နီးစပ်သူနောက်ထပ် အမျိုးသားတဦးကပြောပါတယ်။

နတ်ရေကန်တောင် ပင်မကမ္ဘာလုံးဗျူဟာစခန်းရဲ့ကာကင်းစခန်းတွေအားလုံးကို အာရက္ခတပ်တော် -AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာလပထမအပတ်မှာသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကမ္ဘာလုံးစခန်းကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှာ ကမ္ဘာလုံးစခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးနေကြတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။

လက်ရှိမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အမ်း-ပဒါန်းလမ်းဟောင်း၊ လမ်းသစ် ၂ ခုလုံးကို ပိတ်ဆို့ထိန်းချုပ်ပြီး စစ်ကူပေးပြီးပြန်လည်ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့စခန်းစွန့်ထွက်ပြေးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတာကြောင့် နတ်ရေကန်တောင်ကြောတဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ နတ်ရေကန်တောင်အနီးတဝိုက် စစ်ကော်မရှင်တပ်က လေကြောင်းကနေ အောက်တိုဘာ ၁၃ ရက် ယမန်နေ့အထိ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။