ကလေးမှာ တပတ်အတွင်း ထိတွေ့မှုတွေကြောင့် PDF ၁ ဦးနဲ့ စစ်သား ၂၀ ဦးခန့်သေဆုံးဟုဆို

0 3
0 3

ကလေး၊ ဧပြီ ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၅ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးနဲ့ PDF ၁ ဦး သေဆုံးခဲ့တယ်လို့ PDF တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လ ၃၀ ရက်မှာ ချမ်းသာကြီးနဲ့ လက်ပံချောင်းရွာအကြားမှာ တကြိမ်၊ ၃၁ ရက်က ပျဥ်းတောဦးကျေးရွာအနီးမှာ တကြိမ်နဲ့ ဧပြီလ ၂ ရက်က နန်းစောင်းပုကျေးရွာအနီးမှာ တကြိမ်၊ ၃ ရက်မှာ ပျဥ်းတောဦးရွာအနီး တကြိမ်၊ ၅ ရက်မှာတကြိမ် ထိတွေ့တိုက်ခိုက်မှုတွေ ရှိခဲ့တာလို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO – UCR (အထက်ချင်းတွင်းဒေသ)မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“စကစဘက်က အယောက် ၂၀ သေပြီးတော့ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်။ စကစတွေ သေတာကို ဘယ်လို အတည်ပြုနိုင်တာလဲဆိုတော့ ပထမဆုံးတော့ ဖရဲသီးပြောလို့ သိရတယ်။ ဒုတိယကတော့ သေဆုံးတဲ့အလောင်းတွေကို မီးရှို့တဲ့ပြာတွေ့တာ၊ မြှုပ်ထားတဲ့အလောင်းတွေတွေ့တာ၊ ဒီလိုမျိုးနဲ့ အတည်ပြုနိုင်ခဲ့တာပါ။ စကစဘက်ကတော့ ၆ ရက်နေ့မှာ ပြန်ဆုတ်သွားတယ်” လို့ ဆိုပါတယ်။

ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ People Defence Army – PDA မှ အသက် ၂၅ နှစ်အရွယ် ရဲဘော်ခုပ်ရှန်ခွာလ် ကျဆုံးခဲ့ကာ CNDF က ရဲဘော် ၁ ဦး၊ CDF- KKG က ၁ ဦးနဲ့ CDM Siyin က ၁ ဦးတို့မှာ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

Chinland Defence Force, Kalay-Kabaw – Gangaw(KKG)မှ ပြန်ကြားရေးတာဝန်ခံကလည်း “တိုက်ပွဲဖြစ်နေချိန်မှာ စကစဘက်က လေယာဥ်နဲ့ပစ်ကူတာပေါ့နော်။ အဲအချိန်မှာ ကျနော်တို့က ပြန်ဆုတ်ရတယ်။ အဲဒီမှာ ပျဥ်းတောဦးရွာနားမှာ သေနေတဲ့ စကစအလောင်း ၇ လောင်းကို တွေ့ခဲ့ရတယ်” လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို CNDF၊ TCDF၊ HNB၊ CR၊ PDF-Kalay၊ PDA၊ PDF-Zoland၊ Cangelzawl – ပကဖ၊ RKDF ၊ CDF-KKG၊ ပျဉ်းတောဦး-ပကဖ နဲ့ CDM Siyin တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲကနေ နမခတပ် ဘက်တံဆိပ်ပါ စစ်ယူနီဖောင်းတချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲကြောင့် ကလေးမြို့မြောက်ပိုင်းရှိ ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း၊ စမိတ်ကွင်း၊ အင်ကြင်းခုံ၊ ကြိုးကြာကွင်း၊ လက်ပံချောင်း၊ မြောက်ချောတော၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသားကြီး၊ ရာဇဂြိုလ်ကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံ ငါးသောင်းကျော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။