ထောက်ပို့ ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး သုံးမရတဲ့လက်နက်တွေ သိမ်းဆည်းခံရ

0 1
0 1

ချောင်းဦး၊ ဧပြီ ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာမှာ PDF ထောက်ပို့ ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး သုံးမရတဲ့လက်နက်တွေ သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။

ဧပြီလ ၅ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ မုံရွာ နမခကနေ ထွက်လာတဲ့ အင်အား ၇၀ ခန့်ပါတဲ့ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာ ဖြစ်တယ်လို့ Chaung U Revolution အဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူက ရွာထဲကနေ သူ့ယာထဲမှာ သိုးတွေဝင်ဖျက်နေတယ်လို့ သတင်းရလို့ မောင်းထုတ်ဖို့ဆိုပြီး သွားတာ။ အဲဒီမှာ စကစ စစ်ကြောင်းနဲ့တိုးလို့ သူယာခင်းဘက်ကို ထွက်ပြေးရာမှာ သူအခင်းထဲမှာ စကစတွေက ကြိုရောက်နေပြီး ဖမ်းဆီးခံလိုက်ရတာ။ သူက တခါတလေတော့ CHU အတွက် ထောက်ပို့လုပ်ပေးတာ ရှိတယ်။ သူ့ကို ဖမ်းမိပြီး မကြာဘူး စကစဘက်က ပစ်သတ်လိုက်တာ” လို့ ပြောပါတယ်။

ပုံစာ – ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ထောက်ပို့ ကိုကျော်ဆန်းနဲ့ သိမ်းဆည်းရမိတယ်ဆိုတဲ့ လက်နက်တွေကို စစ်ကောာင်စီက ထုတ်ပြန်ထားစဉ်။

စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်တာခံလိုက်ရသူဟာ ပဲပြစ်ရွာနေ ကိုကျော်ဆန်း အသက် ၃၀ ကျော်ဆိုသူဖြစ်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူပိုင်တဲထဲကနေ အသုံးမပြုဘဲ ထားထားတဲ့ လက်လုပ်သေနတ်အချို့၊ ပျက်စီးနေတဲ့ လက်လုပ်မိုင်းအချို့နဲ့ လက်ပစ်ဗုံးအချို့ကို စစ်ကောင်စီဘက်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ထောက်ပို့ ကိုကျော်ဆန်းကို ပစ်သတ်ပြီးနောက်မှာတော့ စစ်ကောင်စီအဖွဲ့ဟာ ခင်မွန်ကျေးရွာဘက်ကို စစ်ကြောင်းဆက်ထိုးဖို့ ထွက်သွားတယ်လို့ ဆိုပါတယ်။

မတ်လ ၃ ရက်နေ့က ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်လို့ ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦး လက်နက်ကြီးထိ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။