27 July 2026 2:30 AM

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဆိပ်ဖြူနယ်၊ ကျစ်ပြင်ရွာက နေအိမ်တလုံးကို မီးရှို့

0 1
0 1

ဆိပ်ဖြူ၊ ဧပြီ ၄၊ ၂၀၂၃။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျစ်ပြင်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တလုံးကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၄ ရက် ဒီမနက် ၁၀ နာရီလောက်မှာ အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ပုသိမ် – မုံရွာလမ်းဘေးရှိ ကျစ်ပြင်ရွာထဲက နေအိမ်ကို မီးရှို့ခဲ့ပြီးနေ့လယ် ၁၂ နာရီကျော်လောက်မှာ ရွာကနေပြန်ထွက်ခသွားတယ်လို့ ဆိပ်ဖြူမြို့ခံတဦးက ပြောပါတယ်။

“စခတွေ ရွာထဲဝင်လာတာကို ရွာသားတယောက်ကတွေ့ပြီး၊ ရွာထဲကိုအချိန်မှီပြောနိုင်လို့ ရွာသားတွေကလွတ်သွားတယ်။မဟုတ်ရင် ရွာသားတွေလည်းအဖမ်းခံရနိုင်တယ်။ ဒီတခါဝင်လာတာက လက်နက်တွေပစ်ဖောက်တာမျိုးမဟုတ်ဘူး။ ဒီအတိုင်းအသံမပေးပဲ ဝင်လာတာ၊ ရွာထဲကအိမ်တအိမ်ကိုလည်း မီးရှို့သွားတယ်”လို့ ဆိုပါတယ်။

အဲ့ဒီစစ်အုပ်စုဟာ ရွာထဲက အခြားနေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်သွားခဲ့ပြီး၊ လက်ရှိမှာ ရွာသားအချို့ကတော့ ရွာထဲကို ပြန်၀င်နေကြပြီလို့လည်း ဆိုပါတယ်။

အိမ်ခြေ ၁၀၀ နီးပါးရှိတဲ့ ကျစ်ပြင်ရွာဟာ ခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ဆိပ်ဖြူမြို့နယ်က ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်လာခဲ့လို့ ကျစ်ပြင်၊ ရွာသာကုန်း၊ သက္ကယ်ကျင် နဲ့ ထွန်ရွာတို့က ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။