ချောင်းဦးနဲ့ ဝက်လက်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု

0 9
0 9

မြေလတ်အသံ၊ အောက်တိုဘာ ၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့မှာ စက်တင်ဘာ ၃၀ ရက်က စစ်ကော်မရှင် တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သပိတ်မှာပါဝင်ခဲ့ သူတွေဆီက သိရပါတယ်။

စစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ခဝါချဖို့ ပြည်သူလူထုက လက်မခံတဲ့ တရားမဝင်ရွေးကောက်ပွဲကို ကျင်းပဖို့ကြိုးစားနေတာကြောင့် အခုလိုသပိတ်မှောက်တာလို့ ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီဝင် ကိုဇွဲလေးက မြေလတ်အသံကို ပြောပါတယ်။

“ပြည်သူလူထုရဲ့ ဆန္ဒမပါတဲ့၊ ပြည်သူလူထုက လက်မခံတဲ့ ရွေးကောက်ပွဲတခု ဖြစ်နေတယ်၊ အဲ့ဒီတော့ ဒီရွေးကောက်ပွဲကို ကျနော်တို့ပြည်သူလူထုက လက်မခံတဲ့ ကျနော်တို့ပြည်သူလူထုရဲ့ အခက်အခဲ အကျပ်အတည်းကို ပြေလည်စေမယ့် ထွက်ပေါက်မဟုတ်ဘဲ စစ်ကောင်စီက သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ခဝါချချင်လို့၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရချင်တဲ့အတွက် ပုံဖော်ဖန်တီးတဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက် ကျနော်တို့ ဆန့်ကျင်တော်လှန်ကြခြင်းဖြစ်ပါတယ်။”လို့ ကိုဇွဲလေးက ပြောပါတယ်။

အဆိုပါ ဆန္ဒပြပွဲကို ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီ၊ ချောင်းဦးမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့က ပူးပေါင်းပြီး လူထုအင်အား ၆၀ ခန့်နဲ့ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၃၀ ရက်မှာပဲ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာလည်း စစ်ကော်မရှင် တပ်ရဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သပိတ်လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါသေးတယ်။

ဒီလှုပ်ရှားမှုကို ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ရွာသာကြီးကျေးရွာ စစ်တပ်အထိုင်စခန်းနဲ့ ပေ ၇၀၀ကျော်အကွာမှာ “ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်”စာသားပါ ဘန်ကာချိတ်ဆွဲပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။