2 July 2026 7:59 AM

ရေစကြို ပကဖ စခန်း စီးနင်းတိုက်ခိုက်ခံရလို့ ရဲဘော် ၅ ဦးသေဆုံးပြီး လက်နက်အချို့ဆုံးရှုံး

0 1
0 1

မကွေး၊ မတ် ၃၁၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်ရဲ့ တပ်စခန်းတခုကို စီးနင်းတိုက်ခိုက်ခံရတာကြောင့် ရဲဘော် ၅ ဦးသေဆုံးပြီး၊ လက်နက်အချို့လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက်ဒီမနက်အစောပိုင်း ၄ နာရီလောက်မှာ ရေစကြိုအခြေစိုက် ခလရ ၂၅၆ မှ အင်အား ၇၀ ဝန်းကျင်ပါစစ်သားတွေက အလစ်ဝင်ရောက်ပြီး စီးနင်းတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စီးနင်းတဲ့အချိန်မှာ ရဲဘော်တွေနဲ့အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်၊ ထိတွေ့တဲ့အချိန်မှာ ကျနော်တို့ရဲဘော် ၄ ဦးနဲ့ မဟာမိတ်ရဲဘော်တဦး ကျဆုံးခဲ့တယ်၊ မောင်းပြန်သေနတ်တွေလည်း ဆုံးရှုံးခဲ့တယ်” လို့ အတည်ပြုဖြေဆိုထားပါတယ်။

ထိတွေ့မှုဖြစ်နေချိန်အတွင်း မဟာမိတ်တပ်ဖွဲ့တွေလည်း စစ်ကူရောက်လာခဲ့ကာ တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က ရဲဘော် ၄ ဦးနဲ့ YLK ပျောက်ကြားတပ်ဖွဲ့က ရဲဘော် ၁ ဦးသေဆုံးခဲ့ပြီး၊ မဟာမိတ်အဖွဲ့တွေထဲက ရဲဘော် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးရဲဘော်တွေကို ဒီညနေပိုင်းမှာ မီးသင်္ဂြုဟ်ပေးခဲ့ကာ သူတို့နဲ့ပက်သက်တဲ့ အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။

အဆိုပါစစ်ကောင်စီတပ်တွေဟာ မတ်လ ၃၀ ရက်မနေ့က စစ်ကြောင်းစထွက်လာချိန် ညောင်စောင့်ရွာနဲ့ သမန္တပို့ကျေးရွာကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အဲ့ဒီနောက်မှ အင်အားထပ်ဖြည့်ကာ ခုလို စီးနင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။