မိုင်းအကြိမ်ကြိမ်အခွဲခံရတဲ့ တံတားအသစ်မှာ အုတ်သယ်ကား မိုင်းထိလို့ ၂ ဦး သေ ၃ ဦးဒဏ်ရာရ

ပဲခူး၊ မတ် ၃၁၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-နတ်သံကွင်းလမ်း ညောင်ကုန်းတံတားမှာ အုတ်သယ်ကား မိုင်းထိလို့ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မတ်လ ၃၀ ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်ခန့်မှာ ပဲနွယ်ကုန်းဘက်ကနေ ကျောက်ကြီးဘက်ကို စည်ပင်ဌာနအတွက် အုတ် ၄၀၀၀ လောက်တင်ပြီးလာတဲ့ Faw ကား အပြာရောင်ယာဥ်ဟာ ညောင်ကုန်းတံတားပေါ်အတက်မှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အဲကားက ကျောက်ကြီးဘက်ကနေ ပဲနွယ်ကုန်းဘက်ကိုအသွား အဲတံတားပေါ်ကပဲ ဖြတ်သွားတယ်။ ဘာမှမဖြစ်ဘူး။ အုတ်သယ်ပြီးအပြန် တံတားပေါ်အတက် ချဉ်းကပ်လမ်းနဲ့တံတားနဲ့ကြားမှာ မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်တာ။ ကားကဝိတ်ပါလာတဲ့အတွက် ဖြစ်တာလို့ ယူဆလို့ရတယ်။ ကားကတော့ ခေါင်းပိုင်းကို ထိသွားတာ” လို့ ပြောပါတယ်။

ကားမိုင်စထိတာကြောင့် ကားခေါင်းခန်းပါစောမင်းဦး ၃၈ နှစ် ကွင်းချောင်းဝကျေးရွာနေသူ၊ ဦးရန်နိုင်အောင် ၅၇ ကွင်းချောင်းဝကျေးရွာနေသူ ၂ ဦးမှာ ဆေးရုံအရောက်မှာ သေဆုံးခဲ့ပြီး ယာဥ်မောင်း ဦးအောင်ဌေးဦး ၃၈ နှစ်နဲ့ ယာဥ်နောက်ကနေ လိုက်ပါလာသူ ညီမင်းခန့်၊ ဦးစိန်မင်းဆိုသူ ၃ ဦးမှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးဒဏ်ရာရသူတွေအနက် ဒဏ်ရာပြင်းတဲ့ ဦးစိန်မင်းကို တောင်ငူစစ်ဆေးရုံနဲ့ ကျန်သူတွေကိုတော့ ကျောက်ကြီးဆေးရုံတို့ကို လူမှုကူညီရေးကားတွေနဲ့ ပို့ထားရတယ်လို့ သိရပါတယ်။

အဲဒီတံတားဟာ သံကူကွန်ကရစ်တံတားအဖြစ် ၂၀၂၂ ခုနှစ် ဇွန်တွင် ပထမအကြိမ်မိုင်းခွဲခံရပြီး ယာယီဘေလီတံတားတည်ဆောက်ပြီး နိုဝင်ဘာလတွင် ဒုတိယအကြိမ် မိုင်းခွဲခံရကာ တံတားပြန်မတည်ဆောက်ခင် မြေသားရှောင်ကွင်းလမ်းမှာ ဖြတ်သန်းနေကြတာလို့ ဆိုပါတယ်။

ယင်းနောက် မြေသားလမ်းတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၇ နာရီကျော်ခန့်မှာ ကျောက်ကြီးမြို့ဘက်ကနေ ပဲနွယ်ကုန်းဘက်ကို စျေးရောင်းဖို့ထွက်လာတဲ့ လိုက်ထရပ် အဖြူရောင်ယာဥ်ဟာ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်းအ‌ရောက်မှာ မိုင်းထိခဲ့လို့ ကလေး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

ဒါအပြင် မတ်လ ၂၀ ရက်နေ့ မနက် ၇ နာရီခန့်မှာ ကျောက်ကြီးဘ​က်နေ ပဲနွယ်ကုန်းဘက်ကို မောင်းနှင်လာတဲ့ ”ဝင်းရတနာ” ယာဥ်လိုင်း ခရီးသည်ပို့ဆောင်ရေးယာဥ်ဟာ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်းကနေ မောင်းနှင်လာချိန် မိုင်းထိခဲ့လို့ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရခဲ့သေးတယ်လို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။