အင်အားဖြည့်လာတဲ့ စစ်ကား မိုင်းဆွဲခံရလို့ ၁၃ ဦးသေဆုံးတယ်လို့ဆို

စစ်ကိုင်း၊ မတ် ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ PDFတွေရဲ့ တိုက်ခိုက်တာကိုခံထားရတဲ့ ဘိုးမင်းကျီးကင်းကျေးရွာမှ စစ်ကောင်စီစခန်းကို အင်အားသွားဖြည့်ဖို့လာတဲ့ စစ်ကားတစီး မတ် ၂၉ ရက်ည ၉ နာရီကျော်မှာ မိုင်းဆွဲခံရလို့ ၁၃ ဦး သေဆုံးခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

စစ်သည်အင်အား ၄၀ ခန့်ပါတဲ့ သံပြားကာကားတစီးနဲ့ စစ်ကိုင်းမြို့ကနေ ဘိုးမင်းကျီးကင်းစခန်းကို ထွက်ခွာလာချိန် မြင်းမူ-ဝမ်းပြည့်-အလ္လကပ္ပကျေးရွာ ကားလမ်းမကို အရောက်မှာ မိုင်း ၆ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ People’s knight Defense Force Myinmu မှ ဗိုလ်အေးချမ်းက ပြောပါတယ်။

“အဲဒီကားကို မြင်းမူနဲ့ဝမ်းပြည့်ကြားမှာ မိုင်း ၂ ကြိမ် ဆွဲတယ်။ ဝမ်းပြည့်နဲ့အလ္လကပ္ပကြားမှာ ၄ ကြိမ်ဆွဲတယ်။ ကားကတော့ စခန်းကို ဆက်မောင်းသွားတယ်။ တိုက်ခိုက်ခံရလို့ ကားပေါ်မှာ အော်ဟစ်ညီးညူသံတွေ ကြားလိုက်ရတယ်။ ကျနော်တို့သတင်းပေးပြောချက်အရ ၁၃ ကောင် ကားပေါ်မှာတင် သေတယ်။ ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ မသိရဘူး။ သူတို့ကို ဒီမနက်မှာ ဆေးရုံကိုတင်ဆောင်သွားကြတယ်” လို့ ဆိုပါတယ်။

ဗိုလ်အေးချမ်းပြောကြားချက်အရ အဲဒီကားပေါ်မှာ စစ်ကောင်စီ ဗိုလ်ကြီးတဦးပါလာပြီး ဘိုးမင်းကျီးကင်းစခန်းမှာ တာဝန်ထမ်းဆောင်ဖို့ လာတဲ့သူဖြစ်ပြီး၊ ဗိုလ်ကြီးရဲ့အသေးစိတ် အချက်အလက်ကိုတော့ မသိရှိရဘူး။

“စခန်းကဗိုလ်နဲ့ အပြောင်းအလဲလုပ်ဖို့ ထွက်လာတာလို့ သိထားရတယ်။ ဗိုလ်ရဲ့နာမည်တွေတော့ မသိဘူး။ ကားတိုက်ခိုက်ခံရတဲ့နောက်ပိုင်းမှာတော့ စကစတွေဘက်က တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ ကျနော်တို့ရဲဘော်တွေတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ People’s knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ D.B.B.F-MMU စတဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ ၂၈ ရက်နေ့လည်အချိန်မှာလည်း မြင်းမူမြို့နဲ့ ၈ မိုင်ခန့်ဝေးတဲ့ ဘိုးမင်းကျီးကင်းကျေးရွာက စစ်ကောင်စီအထိုင်ချစခန်းကို People ‘s knight Defense Force Myinmu ၊ Black Eagle Defence Force (MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊D.B.B.F-MMU တို့က ပေ ၃၀၀၀ အကွာကနေ ၆၀ မမနဲ့ ၅ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။