မိတ္ထီလာမြို့ပေါ်မှာ အသတ်ခံထားရတဲ့ အမျိုးသားအလောင်းတွေ့

0 110
0 110

မိတ္ထီလာ၊ စက်တင်ဘာ ၁၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်နယ်မြေ၊ မြောက်ကန်စောင်း၊ ကလေးကစားကွင်းအနီးမှာ အသတ်ခံထားရတဲ့အမျိုးသားအလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက် မနက် ၆ နာရီကျော်မှာ စောင်အနီနဲ့ထုပ်ပြီး ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ လက်ပြတ်ရှ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားအလောင်းတလောင်းကို လမ်းသွားလမ်းလာတွေက တွေ့ခဲ့ကြတယ်လို့ဆိုပါတယ်။

“သေပြီးမှ လာပစ်သွားတဲ့သဘော။ ညာဘက်ဝမ်းဗိုက်အောက်မှာ ထိုးသွင်းဒဏ်ရာတချက်၊ လက်ပြတ်ရှ ဒဏ်ရာတချက်တွေ့ရတယ်။ လုပ်ကြံသတ်ဖြတ်ပြီးမှ လာပစ်သွားတာဖြစ်နိုင်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ အရွယ်အမျိုးသားဖြစ်ပြီး နန်းတော်ကုန်းရပ်ကွက်မှာနေထိုင်သူမဟုတ်ဘူးလို့ ဆိုပါတယ်။

သေဆုံးသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဘယ်လိုအသတ်ခံခဲ့ရလဲဆိုတာသိရဖို့ ရဲဘက်က ဆက်လက်စုံစမ်းနေပြီး အလောင်းကိုတော့ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

သြဂုတ် ၁၂ ရက်မနက်ပိုင်းမှာလည်း မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်းက အသက် ၂၀ အရွယ် ကျောင်းသူ ၁ ဦးကို ၎င်းရဲ့အဆောင်အိမ်သာထဲမှာ သေဆုံးလျှက်တွေ့ခဲ့ရတဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။