ကနီမြို့နယ် ကျေးရွာ ၂ ရွာက စစ်ရှောင်ကလေးတွေကို သံချဆေးတိုက်ကျွေး

0 5
0 5

ကနီ၊ မတ် ၂၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ရှောင်နေရတဲ့ ကျေးရွာ ၂ ရွာက ကလေးတွေကို နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီ)က သံချဆေး တိုက်ကျွေးခဲ့ပါတယ်။

အသက် ၂ နှစ်ကနေ အသက် ၁၂ နှစ်အထိ ကလေးပေါင်း ၁၄၁ ဦးကို နေရာ ၂ နေရာခွဲပြီး သံချဆေးတိုက်ကျွေးခဲ့တာဖြစ်ပြီး အခုလို တိုက်ကျွေးရခြင်းဟာလည်း ကလေးတွေ ကျန်းမာဖွံ့ဖြိုးဖို့အတွက် တိုက်ကျွေးရခြင်းဖြစ်တယ်လို့ နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီ)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“လုံခြုံရေးအရ ကလေးတွေကို သံချဆေးတိုက်ကျွေးခဲ့တဲ့ရက်ကို ပြောပြလို့မရပါဘူး။ အခုလည်း အဲ့နေရာမှာ လုပ်ငန်းလေးတွေ လုပ်ကိုင်နေကြလို့ပါ။ ကလေးတွေကို ဆက်လက်ပြီးတော့လည်း တိုက်ကျွေးသွားဖို့ ရှိပါသေးတယ်။ ၆ လပြည့်လို့ ဒုတိယအကြိမ် တိုက်ကျွေးနိုင်အောင်လည်း ကြိုးစားသွားပါမယ်” လို့ ဆိုပါတယ်။

ယခင်က သံချဆေးတလုံးကို ၄၀၀ ကျပ်သာ ပေးဝယ်ခဲ့ရပေမဲ့လည်း ယခုမှာတော့ သံချဆေး တလုံးကို ၈၀၀ ပေးဝယ်ယူခဲ့ပေမဲ့လည်း လွယ်လွယ်ကူကူ သယ်ယူလို့ မရဘူးလို့လည်း အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

“ဒီနှစ်ထဲမှာပဲ ဆေးကစျေးတက်သွားတာ။ တော်သေးတယ် အရင်က ဆေးတွေကို များများဝယ်ထားလို့သာ တောင့်ခံနိုင်တာ၊ ဆေးတွေဝယ်ရတော့လည်း လွယ်လွယ်ကူကူ သယ်လို့မရဘူး။ တော်တော်ခက်ခဲတယ်။ ဘိန်းမှောင်ခိုကူးရသလိုပဲ” လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ကနီ)အနေနဲ့ မတ်လထဲမှာပဲ ကလေးဦးရေ ၄၉၁ ဦးအထိ သံချဆေးတိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။