စစ်ကိုင်းတိုင်းထဲက ရှင်ပြုနားသ တော်လှန်အလှူတော် (Photo News)

0 4
0 4

ချောင်းဦး၊ မတ် ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ ရှင်ပြုနားသအလှူတော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပူးတွဲပြီး တော်လှန်အလှူအဖြစ် မတ်လ ၁၉ ရက်မနေ့ကမနက်ပိုင်းမှာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

အညာဒေသဟာ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက ထိုးနှက်တာကို ခံနေရပြီး၊ တော်လှန်ရေးကာလ အလှူပွဲဖြစ်တဲ့အပြင် အလှူရှင်တွေကလည်း ဆန္ဒရှိတဲ့အတွက် ခုလိုပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီ – CYSC အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရိုးရာမပျက် မြန်မာ့ဓလေ့နဲ့အညီ အလှူပွဲတွေ ကျင်းပနေပေမယ့် ဒီအလှူပွဲတွေဟာ ပုံမှန်အခြေအနေမှာတုန်းကလို ပျော်ပွဲရွှင်ပွဲတွေ မဟုတ်ဘူး။ စစ်ကောင်စီရဲ့လက်အောက်မှာ နေသားကျသွားတဲ့ ပျော်ရွှင်ပွဲမဟုတ်ဘူး။ စစ်ကောင်စီကို ဆန့်ကျင်ရင်း ကျင်းပတဲ့ပွဲ ဖြစ်တယ်ဆိုတာကို သိသာမြင်သာစေဖို့ အလှူလှည့်တာမှာ လိုက်ပါသူအားလုံး ဒိုးပတ်ဝိုင်းနဲ့ ကြွေးကြော်သံတွေ အော်ပြီး လှည့်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတဝှမ်းလုံးက ပြည်သူတွေကိုလည်း သွေးမအေးကြဖို့၊ စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာ နေသားကျမသွားဖို့၊ ကိုယ့်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ရင်း အန္တရာယ်ကင်းတဲ့နည်းလမ်းနဲ့အတူ စစ်ကောင်စီကို တော်လှန်ကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။