⁩ ⁨စစ်တပ်စခန်းနှစ်ခုကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ တခုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၆ ဦးသေ

0 1
0 1

မတ္တရာ၊ ဩဂုတ် ၂၅၊ ၂၀၂၆။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကုန်းတန်းကြီးနဲ့ ကြိမ်တောကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ရာ တခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေတယ်လို့ မတ္တရာမြို့နယ်၊ ပကဖ က ဩဂုတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ် ပြန်ပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့မနက် ၃ နာရီခွဲခန့်က မနက်မိုးမလင်းခင် အင်အား ၃၀ ဝန်းကျင်နဲ့ ကုန်းတန်းကြီးကျေးရွာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ကြိမ်တောသုသာန်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

“တိုက်ပွဲကြာချိန်က နာရီဝက်ခန့်ပါပဲ။ ကုန်းတန်းကြီးတခုပဲ သိမ်းယူနိုင်ခဲ့တယ်။ စခန်းတော့မီးမရှို့ပါဘူး ရွာထဲ ပြည်သူအိမ်ဆိုတော့။ စခန်းကို သိမ်းပြီးတော့ ပြန်ဆုတ်လာကြတယ်။ တိုက်ပွဲဖြစ်တော့ စကစဘက်က သုံးဆယ်ပေးရွာဘက်ကို ဆုတ်ပြေးကြတာရှိတယ်”လို့ မတ္တရာပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကုန်းတန်းကြီးကျေးရွာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်စွဲထားတဲ့ စခန်းကို သိမ်းပ်ုက်နိုင်ခဲ့ပြီး၊ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ MA-11 တလက်နဲ့ MA-2 တလက်တို့အပြင် ဦးထုပ်၊ မှန်ဘီလူးနဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က အင်အား ၂၀၀ ခန့်နဲ့ တပ်ပြန်စွဲထားပြီးနောက်ပိုင်းမှာ အင်အား ၅၀ ခန့်သာထားရှိပြီး ကျန်အင်အားတွေက ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ မတ္တရာမြို့နယ်ပကဖ တိုက်ခိုက်ရေး တပ်ခွဲ(၁)၊ (၂)နဲ့ (၃)တို့က ထုတ်နှုတ်အင်အားတွေနဲ့အတူ မန်းခရိုင်ပကဖဘက်က တပ်စိတ် (၁)စိတ်တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။