myaelatt athan

Sharing Information to the Local

ထော်သာပျူစောထီးစခန်းကို တော်လှန်‌ရေးတပ်တွေသိမ်းပိုက်ပြီး ပျူစောထီးနဲ့မိသားစုဝင် ၁၉၀ ဦးကိုဖမ်းဆီး

0 51
0 51

တိုက်ပွဲတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်း

မော်လိုက်၊ ဩဂုတ် ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာရွာက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေအထိုင်ချထားတဲ့ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပျူစောထီးတွေနဲ့ မိသားစုဝင် ၁၉၀ ဦးကိုဖမ်းဆီးခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သြဂုတ် ၂၀ ရက် ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

အဲ့ဒီစခန်းကို ဩဂုတ် ၁၅ ရက်မှာ မော်လိုက်ခရိုင်တပ်ရင်း (၂၊ ၄) နဲ့ ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးရဲ့ အလောင်းကို ရရှိပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစခန်းကို ဦးဆောင်ထားတဲ့ ပျူစောထီးခေါင်းဆာင် အဲပန် အပါအဝင် ပျူစောထီးတွေရဲ့ မိသားစုဝင်စုစုပေါင်း ၁၉၀ ဦးကို ဖမ်းဆီးရမိပြီး ပျူစောထီးအဖွဲ့ဝင် ၂၀ ခန့်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထော်သာရွာစခန်း သိမ်းပိုက်နေချိန် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော ဖလက်ခွံတွေပေါ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၁၃၀ ခန့်နဲ့ တောင်းအင်ရွာက စစ်ကော်မရှင်တပ်အင်အား ၅၀ ခန့်ကလည်း စစ်ကူပေးဖို့ အင်းတပေါင်းရွာကိုထိုးစစ်ဆင်ခဲ့ပေမယ့် ထော်သာရွာကို သိမ်းပိုက်ခဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထော်သာရွာစခန်းသိမ်းတိုက်ပွဲအတွင်း ၆၀ မမ ပြောင်း၊ RPG အပါ လက်နက် ၂၃ လက်၊ ခဲယမ်းအချို့နဲ့ ငွေကျပ်သိန်း ၁၅၀ ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – ဒိန်းဂျား၊

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။