11 July 2026 6:42 PM

မတ္တရာမြို့နယ် လဝကဒု-ဦးစီး သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံး

0 5
0 5

မတ္တရာ၊ မတ် ၁၅၊ ၂၀၂၃။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် လဝကဒု-ဦးစီး ဦးကျော်နိုင်ဦးဟာ မတ်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီခန့်က သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

အသက် ၄၇ နှစ်အရွယ် လဝကဒု-ဦးစီး ဦးကျော်နိုင်ဦးဟာ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး၊ ဆိုင်ကယ်နဲ့ ရုံးသွားစဥ် ဝရင်းတုတ်ရွာအနီးမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ Voice of Mandalay ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ပျူ‌တွေကို သင်တန်း‌ပေးတာ စည်းရုံးတာတော့ ကြာပြီ။ ဘယ်လောက်ကြာပြီလည်းဆိုတာတော့ မမှတ်မိတော့ဘူး။ သူ့ရဲ့ခေါင်းကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ခဲ့တယ်။ သူပြန်ခုခံလို့ နပန်းလုံးခဲ့ရသေးတယ်” လို့ ဆိုပါတယ်။

ဘယ်အဖွဲ့က ပစ်ခတ်သွားတာလဲဆိုတာ မသိရသေးသလို၊ လဝကဒု-ဦးစီး ဦးကျော်နိုင်ဦးဟာ ကိုယ်ခံပညာကျွမ်းကျင်သူဖြစ်ပြီး၊ မတ္တရာမြို့နယ်အတွင်း ပျူစည်းရုံးရေးမှူးနဲ့ ထောက်ပို့လုပ်ပေးနေသူဖြစ်ကာ သူသေဆုံးချိန်မှာ သူ့ဆီမှာ သွေးစွန်းနေတဲ့ ဓားတချောင်းနဲ့ စာရွက်စာတမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။