myaelatt athan

Sharing Information to the Local

ငဖဲ ၊ စွန်တက်ရွာအနီးတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦး ခန့်သေဆုံးဟု AA ထုတ်ပြန်

0 159
0 159

မြေလတ်အသံ၊ ဩဂုတ် ၁၆၊ ၂၀၂၅ ။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ရွာအနီးမှာ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၄ ရက် နေ့လယ် ၃ နာရီခန့်မှာ AA တပ်ဖွဲ့ဝင်တွေရှိနေတဲ့ အထက်ပါကျေးရွာအနီးကို စစ်ကော်မရှင်စစ်တပ် တပ်မ ၉၉ လက်အောက် စစ်ကြောင်းတွေက ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး အချိန်မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်ရုပ်အလောင်း ၂၀ ခန့်နဲ့အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပြီး အသေးစိတ်အချက်အလက်တွေတော့ မပါဝင်ပါဘူး။

အာရက္ခတပ်တော် AA က ထုတ်ပြန်လာတဲ့ ရုပ်သံအရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးမှုများပြားနေပြီး သေဆုံးသူတွေအနက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်တံဆိပ်တပ်ဆင်ထားသူ အများအပြားကိုလည်း တွေ့ရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ အပြီးသတ်မြို့သိမ်းတိုက်ပွဲအဖြစ် ကျန်ရှိနေတဲ့ နေရာတွေ၊ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက် ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်းအစပ်တွေနဲ့ အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားနေရာတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ၁ နှစ် နဲ့ ၉ လကျော်ကြာတဲ့အထိ တိုက်ပွဲတွေ ရပ်တန့်တာမရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။