myaelatt athan

Sharing Information to the Local

တလုပ်မြို့‌သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးဟုဆို

0 96
0 96

မြင်းခြံ၊ ဩဂုတ် ၁၁၊၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်‌ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၈ ဦး သေဆုံးကာ PDF တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တလုပ် PDF အဖွဲ့ထံက သိရပါတယ်။

ဩဂုတ် ၉ ရက် မနက် ၇ နာရီခန့်မှာ အင်အား ၄၀ ခန့်ရှိနေတဲ့ တလုပ်မြို့ရွာထဲက စစ်ကောင်စီစခန်းနေရာ‌တွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၇ နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ရလုရဆဲနီးအထိ လုပ်ခဲ့နိုင်တယ်။ ရွာတောင်ဘက်က ကျန်တော့တာကို နည်းနည်း သူတို့ဆီက ဂျိုင်ရိုကော်ပတာတို့၊ ဟယ်လီကော်ပရာတို့၊ ဟောင်ဝစ်ဇာပစ်ကူတွေလုပ်ခဲ့လို့ အခြေနေတခုအရ ပြန်ဆုတ်ခဲ့ရတယ်”လို့ တလုပ် PDF တာဝန်ခံ ကိုသိန်းမောင်က ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၈ ဦး ထိခိုက်သေဆုံးတယ်လို့ နယ်ခံသတင်းပေးတွေဆီက ပြန်သိရပြီး တလုပ် PDF အဖွဲ့ဝင် ၄ ဦးမစိုးရိမ်ရထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တလုပ်မြို့ရွာထဲမှာ ဖြန့်ကြဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ မြို့တောင်ဘက်က ခံစစ်စခန်းအထိဆုတ်သွားပြီး ပြန်လည်ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာလည်း တလုပ်မြို့ရွာ စခန်းသိမ်းတိုက်ပွဲကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့လို့ စခန်းမသိမ်းနိုင်ဘဲ တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

အဲ့ဒီတိုက်ပွဲမှာလည်း စစ်တပ်ဘက်က သေဆုံးမှုများခဲ့ပြီး PDF ၁ ဦးနဲ့ ပြည်သူ ၅ ဦးသေဆုံးခဲ့သလို မြို့ထဲက နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။