မကွေးမှာ နေအိမ်တလုံးမီးလောင်ပြီး အသက် ၈၀ ခန့်အဘွားတဦး မီးထဲပါသေဆုံး

0 4
0 4

မကွေး၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။

မကွေးမြို့၊ ရွာသစ်လမ်းနဲ့ နတ်မောက်လမ်း ၁၈ လမ်းထောင့်ရှိ နေအိမ် ၁ လုံးမှာ ယနေ့ဖေဖော်ဝါရီလ ၂၃ ရက်ဒီမနက်ပိုင်းက မီးလောင်ပြီး အသက် ၈၀ ခန့် အဘွားတဦး မီးလောင်သေဆုံးခဲ့တယ်လို့ မကွေးမြို့ခံတွေဆီက သိရပါတယ်။

“မနက် ၆ နာရီ ၄၀ မိနစ်လောက်က မကွေးမြို့ ရွာသစ်လမ်းနဲ့နတ်မောက်လမ်းထောင့်က နေအိမ်မီးလောင်မှုဖြစ်တယ်၊ အသက် ၈၀ ကျော်အဘွားဒေါ်ခင်ပိုက်နေအိမ်မီးလောင်တာ၊ အိမ်က တံခါးတွေကအလုံပိတ်ထားတာဆိုတော့ အဘွားမီးလောင်သေဆုံးသွားပါတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

မီးလောင်မှုမှာ ဝါယာလျှော့ဖြစ်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ချိန်မကြာမြင့်သော်လည်း အိမ်တံခါးသော့များပိတ်ထားတာကြောင့် ဝင်မရဘဲ အဘွားအို သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“တံခါးတွေက သော့တွေနဲ့အသေပိတ်ထားတာဆိုတော့ ဝင်မရပြုမရဖြစ်ပြီးသော့တွေဖျက်ပြီးဝင်ကြတဲ့အခါ အသက် ၇၅ နှစ်ကျော် အဘွားကြီး တံခါးဝမှာ မတ်တပ်ရပ်ပြီးဆုံးသွားတာ၊ သေဆုံးတဲ့အလောင်းကိုတော့ နာရေးကားနဲ့မကွေးပြည်သူ့ဆေးရုံကြီးကိုသယ်သွားပါတယ်၊ မြို့ပေါ်ကမီးသတ်ကားတွေအကုန်သွားကြတယ်” လို့ မြို့ခံက ထပ်မံပြောဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။