ဆားလင်းကြီးက လူရာချီပါဝင်တဲ့ သပိတ်စစ်ကြောင်းကို PDF တွေလုံခြုံရေးယူပေး

0 5
0 5

ဆားလင်းကြီး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတရွာမှာ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ လုံခြုံရေးယူပေးပြီး လူထုအင်အားရာချီနဲ့ သပိတ်စစ်ကြောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်ဒီကနေ့နေ့လည်က “ငါတို့သည်ပြာပုံကိုမကြောက် စစ်ဖိနပ်အောက် ဒူးမထောက်”ဆိုတဲ့ ဘန်နာကိုင်စွဲပြီး၊ ကျေးရွာအကြီးအကဲတွေနဲ့ သပိတ်ကော်မတီဝင်၂ ဦးက သပိတ်တရားဟော‌ပြောကာ သွေးသစ္စာသီချင်းနဲ့ သပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သပိတ်စစ်ကြောင်းကို ကျေးရွာပအဖ၊ ပကဖနဲ့ Salingyi People Defence Force-SPDFတို့က လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။