စနိုက်ပါကျည်ထိပြီး ကျဆုံးခဲ့တဲ့ BLDF ရဲဘော်ကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF ရဲ့ တပ်ဖွဲ့ဝင် ၁ ဦး စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်းမှာ စနိုက်ပါကျည်ထိမှန်ပြီး ကျဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ကျဆုံးသူဟာ အသက် ၂၄ နှစ်အရွယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ဇင်မျိုးလင်း (ခ) လင်းယုန်ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေချိန် စနိုက်ပါကျည်ထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျဆုံးရဲဘော် ဇင်မျိုးလင်း(ခ) လင်းယုန်ရဲ့ ဈာပနအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက် မနက် ၉ နာရီက ဘုတလင်မြို့နယ်အတွင်းမှာပဲ ရပ်ရွာလူထု၊ ဒေသတွင်းအဖွဲ့အစည်းတွေအပါအဝင် ရပ်ရွာပကဖတွေ တက်ရောက်ကြပြီး ဂူသွင်းသင်္ဂြိုဟ်အမိန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF မှာ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီနဲ့တိုက်ပွဲတွေမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် ကျဆုံးခဲ့ပြီလို့ သိရပါတယ်။

တည်းဖြတ် – ငြိမ်းဇော်

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။