ကပစ ၂၂ ကထွက်ခွာမဲ့ယာဥ်တန်းအတွက် လမ်းကင်းလာယူတဲ့စစ်ကော်မရှင်စစ်ကြောင်း မိုင်းဆွဲခံရ (ရုပ်/သံ)

0 10
0 10

ဆိပ်ဖြူ၊ မတ် ၂၄၊ ၂၀၂၆။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ လမ်းကင်းလာယူတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဆိပ်ဖြူမြို့နဲ့ ကပစ ၂၂ အကြားလမ်းပိုင်း ချတောက်ကျေးရွာ၊ ချစ်ချောင်းအနီးမှာ လမ်းကင်းလာယူတဲ့စစ်ကော်မရှင်တပ်ဖွဲ့အင်အား ၃၀ ခန့်ကို မတ်လ ၂၂ ရက် မနက် ၁၀ နာရီခန့်မှာ ပဒေသာမိုင်း ၁၁ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

” မိုင်းဆွဲပြီးမှ ပစ်ခဲ့တာ။ ရှေ့ပြေး ၇ ကောင်ထဲမှာတော့ ၆ ကောင်ကတော့ နေရာတင်ပဲ။ ၁ ကောင်ကတော့ တွဲခေါ်သွားတယ်။ မိုင်းရှင်းတဲ့အခါမှာတင် ထိတာ။ ပြန်မပစ်နိုင်တဲ့အချိန်မှာ ကျနော်တို့ဝိုင်းပစ်ခဲ့တာ။ အလက်(သေနတ်)တွေကောက်ဖို့လုပ်တဲ့အချိန်မှာ ကျန်တဲ့ ၂၀ လောက်က ၄၀ မမနဲ့ လှမ်းပစ်တာနဲ့ အလက်တွေမကောက်နိုင်ခဲ့ဘူး”လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုသူရိန်က ပြောပါတယ်။

မိုင်းဆွဲခံရတဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ထမ္မကောက်ကျေးရွာမျာအထိုင်ချထားတဲ့ စစ်ကြောင်းကဖြစ်ပြီး ကပစ ၂၂ က ထွက်လာမယ့် စစ်ယာဥ်တန်းတွေအတွက် အထက်ပါနေရာမှာလမ်းကင်းလာယူချိန် တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတ​​ယ်။

မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကာ ထိခိုက်သေဆုံးသူတွေကို စစ်ကော်မရှင်စစ်ကြောင်းတွေက အဲ့ဒီနေ့လယ်ပိုင်းမှာပဲ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ နဲ့ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်မှာလည်း ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာနဲ့သံငယ်လုံးကျေးရွာကြားရှိ သံဇလုံဂိတ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်ဘက်က ၄ သေဆုံးကာ PDF ဘက်က ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။