အထောက်အထားမဲ့မြန်မာတွေတင်လာတဲ့ကား ရဲဖမ်းလို့ မောင်းပြေးရာက တိမ်းမှောက်

0 31
0 31

မြေလတ်အသံ၊ မတ် ၂၄၊ ၂၀၂၆။

တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးကို တင်ဆောင်လာတဲ့ ဖို့ဒ်ကား ၁ စီးကို ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးစဉ် ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်၊ ဝမ်မိုင်ကျေးရွာအနီးမှာ ဖမ်းဆီးရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မတ်လ ၂၃ ရက်က အဖြူရောင် ဖို့ဒ် ပစ်ကပ် ကား ၁ စီးဟာ ထိုင်းရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်မှာ မရပ်ဘဲ မောင်းနှင်ထွက်ပြေးတဲ့အတွက် အဝေးပြေးရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသား အသက် ၂၈ နှစ်အရွယ်ရှိ နိုင်ကန်တာဖွန်း (Nai Kantaphon) မောင်းနှင်လာတဲ့အဆိုပါကားဟာ ရဲတပ်ဖွဲ့ရဲ့လိုက်လံဖမ်းဆီးမှုကြောင့် ထာစဲ့ခရိုင်ကနေ မောင်းမြို့နယ်ဘက်ကိုသွားတဲ့လမ်းအတိုင်း ကီလိုမီတာ ၂၀ ခန့် လမ်းပြောင်းပြန်မောင်းပြီး ထွက်ပြေးရာကနေ ဝမ်မိုင်ကျေးရွာအနီး အရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

Photo – Cop’s Magazine.⁩
Photo – Cop’s Magazine.⁩

ဖမ်းဆီးခံရပြီးနောက် ကနဦး စစ်ဆေးချက်တွေအရ မြန်မာလုပ်သား ၁၂ ဦးကို ဆမွန်စခွန်ခရိုင်၊ မဟာချိုင်နယ်မြေကနေ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့ကို သွားရောက်ပို့ဆောင်ပေးရမှာဖြစ်ပြီး ပို့ဆောင်ခ ဘတ် ၈,၀၀၀ ရရှိကြောင်း နိုင်ကန်တာဖွန်း (Nai Kantaphon) က ထွက်ဆိုတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံသားယာဉ်မောင်းနဲ့ တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၂ ဦးကို Salui ရဲစခန်းကို ပို့ဆောင်ထားကာ ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိပြီး ဆက်စပ်နေတဲ့ လူမှောင်ခိုဂိုဏ်းကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

Ref – Cop’s Magazine.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။