11 July 2026 6:21 PM

နတ်တလင်းမြို့က စစ်ကော်မရှင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ၁ ဦးသေကာ ဆိုင်ကယ် ၄ စီးနဲ့စကားပြောစက် ၁ လုံးကိုသိမ်းဆည်း (ရုပ်/သံ)

0 17
0 17

နတ်တလင်း၊ နိုဝင်ဘာ ၂၇၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ရှားဖြူကုန်းရွာက စစ်ကော်မရှင်တပ်ရဲ့စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၆ ရက်နေ့ မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဧရာညီနောင်စစ်ကြောင်းဆီက သိရပါတယ်။

စစ်သား၊ ရဲနဲ့ပျူစောထီး ၈ ဦးခန့် တပ်စွဲထားတဲ့ရှားဖြူကုန်းရွာက စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို မနက် ၁၀ နာရီ ၁၁ မိနစ်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါဂိတ်ကိုတိုက်ခိုက်ချိန်မှာ စစ်ကော်မရှင်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက်ဂိတ်ကိုစွန့်ခွာသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်းမှာ စစ်ကော်မရှင်ဂိတ်က ဆိုင်ကယ် ၄ စီးနဲ့စကားပြောစက် ၁ လုံးတို့ကိုသိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

“ကိုယ့်ဘက်ကတော့အရင်ပစ်ရတာ၊ သူတို့က ၈ ယောက်တည်းလေ၊ ဝုန်းဒိုင်းကြဲအောင်ပစ်လည်းပြီးရော နောက်ဆုတ်လိုက်ရတာ၊ နောက်ဆုတ်ပြီးတော့မှ ပြန်ပြီးတခါဝင်စီးပြီးတော့မှ ပစ္စည်းတွေသိမ်းတဲ့အချိန်မှာ သွေးတွေပဲတွေ့တော့တယ်၊ အလောင်းမရဘူး၊ လက်နက်မရဘူး၊ ကျန်ရစ်ခဲ့တဲ့ဆိုင်ကယ်တွေကိုပဲသိမ်းလာတာ၊ ICOM ၁ လုံးနဲ့ ဆိုင်ကယ် ၄ စီးပဲရတာ”လို့ ၃၈၀၁ တပ်ရင်း ဒုတပ်ရင်းမှူး ဦးညီ ကပြောပါတယ်။

ပစ်ခတ်မှုအတွင်းမှာ တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင် စစ်ကြောင်း နဲ့ နတ်တလင်းပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့က စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ကဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က ၅ ဦးသေပြီး သေနတ် ၃ လက်ရခဲ့ပါသေးတယ်။

တည်းဖြတ် – HP⁩

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။