⁨စစ်ရေးသတိရှိဖို့ ဆားလင်းကြီးမြို့နယ် ပကဖလက်ရုံးတပ်ကို တပ်စစ်ဆေးမှုပြုလုပ်(Reel)

0 6
0 6

ယင်းမာပင်၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခရိုင်စစ်ဆေးရေးတာဝန်ခံက ဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ်ကို အောက်တိုဘာ ၁၄ ရက်မှာ တပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ဟာ စစ်ကော်မရှင်အထိုင်တပ်စခန်းတွေ၊ တရုတ်ကြေးနီစီမံကိန်းတွေနဲ့ အနီးကပ်ဆုံးနေရာမှာတည်ရှိတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအသိ၊ စစ်ရေးသတိ အမြဲရှိနေဖို့ အခုလို တပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ ခရိုင်စစ်ဆေးရေးတာဝန်ခံက ပြောပါတယ်။

တပ်စစ်ဆေးမှုအခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို ဦးညွှတ်အလေးပြုတာ၊ သစ္စာအဓိဌာန် ၄ ချက်ကို ရွတ်ဆိုတာ၊ စစ်ရေးသတိ အမြဲရှိကြရန်နဲ့ အမြဲနိုးနိုးကြားကြား တိုက်ပွဲဝင်ပုံစံ အသင့်အနေအထား ပြင်ဆင်ကြဖို့ မှာကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ခရိုင်စစ်ဆေးရေးတာဝန်ခံဆီက သိရပါတယ်။

တည်းဖြတ် – HP

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။