PDFတွေကိုလာထောက်လှမ်းတဲ့ဒုအရာခံဗိုလ်_ဖမ်းဆီးခံရ

0 1
0 1

မကွေး၊ ဧပြီ ၈၊ ၂၀၂၃။

မကွေးတိုင်း၊ PDF စိုးမိုးနယ်မြေအတွင်းမှာ ထောက်လှမ်းရေးလာလုပ်တဲ့ ပခုက္ကူတပ်မ ၁၀၁ က အရာခံဗိုလ်တဦးကို PDF ၂ ဖွဲ့ပူးပေါင်းပြီး ဧပြီလ ၆ ရက် ညနေပိုင်းမှာ ဖမ်းဆီးရခဲ့တယ်လို့ Yesagyo Revolution Group(YRG)အဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူမြို့နယ် ဘုန်းကံရွာမှာ တပ်စွဲနေတဲ့ ပခုက္ကူတပ်မ ၁၀၁ က အသက်က ၅၆ နှစ်အရွယ် ဒုအရာခံဗိုလ်မြလွင်ကို စိုးမိုးတဲ့နယ်မြေထဲ လာထောက်လှမ်းတဲ့အချိန် ၂ ဖွဲ့ညှပ်ပြီး ဖမ်းလိုက်တာလို့ YRG တာဝန်ခံက ပြောပါတယ်။

“လက်ရှိသူ့ကိုတော့ ထိပ်တုံးထဲထည့်ပြီး ကောင်းကောင်းမွန်မွန်တော့ စောင့်ရှောက်ထားပါတယ်” လို့ Yesagyo Revolution Group YRG တာဝန်ခံ ကိုပါးသိုင်းက ပြောပါတယ်။

ဖမ်းဆီးရမိချိန် ဒုအရာခံဗိုလ်မြလွင်ကို PDF တွေက စစ်ဆေးမေးမြန်းခဲ့ရာမှာတော့ အာဏာမသိမ်းခင်ကတည်းက စစ်တပ်က ထွက်ချင်နေသူဖြစ်ပြီး ထွက်စာတင်ခွင့်မပေးတာကြောင့်ထွက်ခွင့်မရဘဲ အခုလိုတာဝန်ထမ်းဆောင်နေချိန် ဖမ်းခံရတာဖြစ်ပြီး စစ်တပ်က အသက် ၅၀ကျော် ၆၀ ဝန်းကျင်အရွယ်တွေကို ထုတ်သုံးနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။