ကြေးနီတင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄ ကြိမ် မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံးဟုဆို

0 6
0 6

မုံရွာ၊ မတ် ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ကြေးနီတွေ တင်ဆောင်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ချောင်းဦး – မြင်းမူလမ်းပိုင်းမှာ မတ်လ ၁၀ ရက်နေ့လယ် ၁ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်တပြက်စွန်ညိုပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။

ကြေးနီတွေတင်ဆောင်လာတဲ့ ကား ၆ စီး၊ စစ်ကား ၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို ချောင်းဦးမြို့နယ် နတ်ရေကန်နဲ့ ရေပိုးစားရွာအကြား၊ ရေပိုးစားနဲ့ ဂွေးပင်တောရွာအကြားတွေမှာ ပဒေသာမိုင်းတွဲတွေနဲ့ ၄ ကြိမ်ခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကြောင့် နတ်ရေကန်ရွာနဲ့ ရေပိုးစားရွာအကြားမှာ စစ်ကောင်စီယာဉ် ၁ စီးတိမ်းမှောက်ခဲ့ပြီး တိုက်ခိုက်မှု ၄ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကာ ထိခိုက်မှုများပြားတယ်လို့ လျှပ်တပြက်စွန်ညိုပြောက်ကျားတပ်ဖွဲ့ ဒု-တာဝန်ခံ ရဲဘော်စိစိ က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုကို လျှပ်တပြက်စွန်ညိုပျောက်ကြားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင်တပ်ရင်း(၆)၊ CHU PDF၊ စစ်ကိုင်းခရိုင်တပ်ရင်း(၄) MSPDF၊ B.C အထူးပျောက်ကြားတပ်၊ CHUPDF တပ်ခွဲ ၃၊ Zoe Fighter People Defence Force အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။