မြေလတ်အသံ၊ ဇူလိုင် ၁၈၊ ၂၀၂၅။
မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့မှာ ဇူလိုင် ၁၈ ရက်ဒီနေ့လယ်ပိုင်းက မြေငလျင် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လာပါတယ်။
ဒီမနက် ၁၀ နာရီ ၄၂ မိနစ်မှာ နေပြည်တော်၊ ပျဥ်းမနားမြို့ရဲ့ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာမှာ ၃.၁ ရက်(ခ်)တာစကေး ငလျင်လှုပ်ခတ်ခဲ့ပြီး ဒီနေ့လယ် ၁ နာရီ ၃၉ မိနစ်မှာ နေပြည်တော်၊ တပ်ကုန်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၉ မိုင်ခန့်အကွာမှာ အင်အား ၃.၆ ရစ်(ခ်)တာစကေးရှိ ငလျင်လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ညနေ ၄ နာရီမှာ မန္တလေးတိုင်း၊ မတ္တရာမြို့ရဲ့ အနောက် မြောက်ဘက် ၆ မိုင်ခန့်အကွာမှာ အင်အား ၅.၅ ရစ်(ခ်)တာစကေးရှိ မြေငလျင်ထပ်မံလှုပ်ခတ်ခဲ့တာလို့ မိုးဇလကထုတ်ပြန်ပါတယ်။
မတ် ၂၈ ရက်မှာဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးနောက်ပိုင်းကစလို့ မန္တလေး၊ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်ဆိုသလို လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။
ဇူလိုင် ၁၇ ရက် နေ့လယ် ၂ နာရီ ၂၄ မိနစ်မှာလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၇ မိုင်အကွာမှာ အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိငလျင်ငယ် လှုပ်ခတ်ခဲ့ပါသေးတယ်။