ကသာမြို့သိမ်းတိုက်ပွဲမှာ စခန်းကုန်းတချို့ကို တော်လှန်ရေးတပ်တွေသိမ်းပြီး သုံ့ပန်းတွေလည်းဖမ်းမိထား

0 18
0 18

ကသာ၊ ဒီဇင်ဘာ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေက နေရာတချို့ကိုသိမ်းယူထားကာ စစ်သုံ့ပန်းတွေလည်းဖမ်းဆီးရရှိထားတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂‌‌၈ ရက်နေ့ညပိုင်းက စတင်ကာ ကသာမြို့အနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး မြို့အဝင်က ပတ္တမြားကုန်းအပါအဝင် စစ်တပ်ကာကင်း တချို့ကို သိမ်းယူထားနိုင်တယ်လို့ သိရပါတယ်။

“မနေ့က ညနေ ၃နာရီမှာ မြို့ထဲက နေရာတချို့ကို ဝင်နိုင်သွားပြီ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

စစ်တပ်ကာကင်းတွေကို သိမ်းယူထားပြီး စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ကလည်း မနေ့ည ၉ နာရီကျော်ကစတင်ကာ မြို့အပြင် ကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်မှာတော့ ပစ်ခတ်သံတချို့ကြားရပြီး မနေ့ကလောက်တိုက်ပွဲပြင်းထန်သံမကြားရဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

စစ်တပ်က ပြည်သူတွေကို မြို့အဝင်အထွက် ပိတ်ထားပြီး မြို့အဝင်နားက ခလရ ၃၀၉ တပ်ကနေ ခုခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မြို့ခံတွေရှောင်တိမ်းဖို့ကြိုးစားပေမယ့် လမ်းပိတ်နေတာမို့ ပြည်သူအများစု ပိတ်မိနေတယ်လို့လည်း သိရပါတယ်။

သတင်း – မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။