မြေလတ်အသံ၊ ဇူလိုင် ၂၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တရားသူကြီးအဖွဲ့မှ ဥက္ကဌအပါအဝင် ၄ ဦးကို ဇူလိုင် ၁၇ ရက်မှာ တာဝန်ကနေ ရပ်စဲလိုက်တယ်လို့တရားရေးဌာနနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
တာဝန်ကနေရပ်စဲခံရလိုက်ရသူ ၄ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG တရားရေးဝန်ကြီး ဌာနရဲ့ ကနီမြို့နယ်တရားသူကြီးအဖွဲ့မှ ဥက္ကဌအမျိုးသမီး ၁ ဦးနဲ့ အဖွဲ့ဝင်အမျိုးသား ၃ ဦးဖြစ်ပါတယ်။
“NUGက စာထွက်တာပါ။ သူတို့ ၄ ဦးက အချင်းချင်း မသင့်မြတ်ကြဘူး။ ဒါပေမယ့် လာဘ်စားတာတို့ ဘာတို့တော့မရှိဘူး”လို့ တရားရေးဌာနနဲ့နီးစပ်သူ အမျိုးသားတဦးကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံးရဲ့ ဇူလိုင် ၁၇ ရက်စွဲပါ ထုတ်ပြန်စာမှာတော့ ကနီမြို့နယ်တရားသူကြီးအဖွဲ့မှအထက်ပါပုဂ္ဂိုလ်တို့ကို ၎င်းတို့အကြားတွင်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ဆက်လက်တာဝန်ပေးအပ်ရန်မသင့်တာကြောင့် တာဝန်မှရပ်စဲလိုက်တယ်လို့ ဖော်ပြပါတယ်။
အဆိုပါတရားသူကြီးအဖွဲ့အတွင်း လစ်လပ်သွားတဲ့နေရာတွေအတွက်ကိုတော့ ဇူလိုင် ၂၅ ရက်ဒီကနေ့အထိ အစားထိုးခန့်အပ်တာမလုပ်ဆောင်နိုင်သေးဘူးလို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
စာတည်း – လင်း