V-Dayနေ့မှာ ချစ်ရသူတွေကိုလွမ်းတဲ့စိတ် ဖြေသိမ့်နိုင်ဖို့ ရဲဘော်တွေကို အားကစားပွဲကျင်းပပေး

0 2
0 2

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃။

ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကကျရောက်တဲ့ ချစ်သူများနေ့ – Valentines Day မှာ မုံရွာခရိုင်တပ်ရင်း ၂၊ ၃၊ ၄ Chindwin Attack Force ရဲ့ တောထဲက ရဲဘော်အချို့အတွက် အားကစားပွဲ ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

အိမ်ကိုစွန့်ခွာလာခဲ့တဲ့ ရဲဘော်လေးတွေမှာ တချို့ဆို ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါပြီး ဒီလိုနေ့မှာ သူတို့ချစ်ရသူတွေကို လွမ်းတဲ့စိတ် ဖြေသိမ့်နိုင်ဖို့ အားကစားပွဲလေး ကျင်းပပေးခဲ့တာလို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း၂၊၃၊ ၄ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“ဒီရဲဘော်တွေက အိမ်လွမ်းတဲ့ဒဏ် ချစ်ရသူတွေနဲ့ ကွေကွင်းရတဲ့ဒဏ်တွေကို ကြိတ်မှိတ် မျိုသိပ်ခံစားနေရတာ များကြတယ်။ ချစ်သူများနေ့လို့ သတ်မှတ်ထားတဲ့ ဒီနေ့လေးမှာ သူတို့အတွက် အားကစားပွဲတွေ၊ လက်ဆောင်တွေ ပေးရင်းနဲ့ ရဲဘော်လေးတွေရဲ့ အိမ်လွမ်းဒဏ်၊ ချစ်သူကိုလွမ်းတဲ့ဒဏ်ကို ဖြေသိမ့်ပေးနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် Chindwin Attack Force ရဲ့နောက်ထပ် တပ်ရင်းတွေရဲ့ တပ်ခွဲတိုင်းမှာလည်း ဒီလိုကစားပွဲလေးတွေ ကျင်းပပေးပြီး ရဲဘော်တွေ အချင်းချင်း ချစ်ခင်ယုံကြည်မှုတွေ ပိုတိုးပွားလာအောင် စီစဥ်ပေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။